ခေတ်ပျက်မှာ ညဘက်ကြီး ထိတ်လန့်စရာ ကြုံခဲ့ရတဲ့အကြောင်းပြောပြလာတဲ့ ရွှေရည်သိန်းတန်
မြန်မာနိုင်ငံက ဂန္တဝင် ဂီတပညာရှင်တွေထဲ တွံတေးသိန်းတန်ကတော့ ဆုံးပါးသွားခဲ့ပေမယ့် သူ့ရဲ့ မူဟန်တွေ သီချင်းတွေက ပရိတ်သတ်တွေရင်ထဲ ရှင်သန်နေဆဲ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ် ။ သူ့ရဲ့ သမီးလေးဖြစ်တဲ့ ရွှေရည်သိန်းတန်ကလည်း ပရိတ်သတ်ချစ် အဆိုရှင်တစ်ယောက်ဖြစ်ပြီး မင်္ဂလာယူတဲ့ အခါတော်ပေးတွေမှာလည်း နာမည်ကြီး အခါပေးသူတစ်ယောက်ဖြစ်ပါတယ် ။
ရွှေရည်သိန်းတန်ကတော့ အလှူအတန်းတွေကို ရက်ရောပြီး ဘုရားတရားနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ မြန်မာသံစဉ်တွေက ပျောက်ကွယ်လုနီးပါးဖြစ်နေပေမယ့်လည်း သူမကတော့မြန်မာမှုကို မြတ်နိုးတဲ့အမျိုးသမီးဖြစ်တာကြောင့် ပရိသတ်တွေက လေးစားဂုဏ်ယူနေရတာလည်း ဖြစ်ပါတယ်။ လက်ရှိကာလမှာ ခင်ပွန်းသည် ကိုနေလ ကိုဗစ်ရောဂါနဲ့ဆုံးပါးသွားတာကြောင့် စိန်ရွှေရတနာလုပ်ငန်းကို တစ်ယောက်တည်းအားနဲ့ ဆောင်ရွက်နေရသူလည်းဖြစ်ပါတယ်။
အခုမှာလည်း ရွှေရည်သိန်းတန်က သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို မျှဝေလာတာပဲ ဖြစ်ပါတယ်။ ” ဒီလိုညဖက်အချိန်..
ဘယ်လောက်ရင်းနှီးတဲ့ customer ဖြစ်ပါစေ.. ဘာကိစ္စရှိရှိ
ယောက်ျား တွေချည်း၄.၅ ယောက်လူတစုနှင့်အတူလာသင့်မလာသင့်စဉ်းစားပေးပါရှင်.
ကျွန်မဘယ်လောက်သဘောကောင်းကောင်း
လုံခြုံရေးအရ
အလွန်အကျူး
ဘယ်သူ့မှအားမနာ..ခြံတံခါမဖွင့်ပေးပါဘူး😡” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့် ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်။
ယောက်ျား တွေချည်း၎.၅ ယောက်လူတစုနှင့်အတူလာသင့်မလာသင့်စဉ်းစားပေးပါရှင်.
လုံခြုံရေးအရ
အလွန်အကျူး