
စီးပွားရေး အခြေအနေ မကောင်းတာကြောင့် အိမ်လေး ရောင်းရတော့မယ့် လူရွှင်တော် ဝိုင်းချစ်
ပြည်သူတွေကို ဟာသရွှင်သွေး တိုက်ကျွေးနေတဲ့
လူရွှင်တော်ကြီး ဝိုင်းချစ်ကို ပရိတ်သတ်ကြီးတို့
မှတ်မိကြမယ်ထင်ပါတယ်။
အခုဆိုရင်တော့ ကိုဝိုင်းချစ်ကတော့
သားသမီးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့
မိသားစုဘဝကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။
အနုပညာအလုပ်တွေ ရပ်ဆိုင်းထားတာကြောင့်
စီးပွားရေးအနေနဲ့ ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ပြီး
မိသားစု စားဝတ်နေရေး အခက်အခဲကို
ဖြေရှင်းနေရပါတယ်။
ဒါပေမယ့်လည်း ကုန်စုံဆိုင်လေးက
တစ်နေ့ကို တစ်ထောင်ဖိုးတောင်
မရောင်းရ တာကြောင့် အခုဆိုရင် ဆိုင်လေးကို
ပိတ်လိုက်ရပြီပဲ ဖြစ်ပါတယ်။
နောက်ပြီးတော့ မိသားစု စားဝတ်နေရေး
အခက်အခဲကြောင့် သူတို့ နေထိုင်တဲ့
အိမ်လေးကိုပါ ရောင်းရတော့မယ့် အခြေအနေနဲ့
ရင်ဆိုင် နေရပါတယ် ဆိုပြီးတော့
ပရိတ်သတ် တွေကို မျှဝေလာခဲ့ပါတယ်။
ကဲ… ကိုဝိုင်းချစ်ကို ချစ်တဲ့
ပရိတ်သတ် တွေရှိရင် သူတို့ မိသားစု
အဆင်ပြေလာအောင် ဆုတောင်းပေး လိုက်ကြပါဦးနော်။
Zawgyi Version
မှတ်မိကြမယ်ထင်ပါတယ်။
ဖြေရှင်းနေရပါတယ်။