တစ်ယောက်သော သူ ကိုယ့်ကိုချစ်သေးလား တဲရော့ (Tarot) နဲ့အဖြေရှာ ကြမယ်

ဒီနေ့  “သူ ကိုယ့်ကို ချစ်သေးရဲ့လား” ဆိုတဲ့ topic ကို card readingလုပ်ပေးပါမယ်ရှင်။Ex သို့ လက်ရှိ RSရှိပြီး ချစ်/မချစ် မသေချာသူများ ရွေးလို့ ရပါတယ်။ Crush ရှိသူများ မရပါဘူးရှင့်။မိမိသိလိုတဲ့သူကို အာရုံပြုပြီး ကဒ်တစ်ခုရွေးပါနော် 💙General reading ဖြစ်လို့ လူတိုင်းနဲ့တော့ energy မကိုက်နိုင်ပါဘူးရှင်။

ချစ်သေးတာကို တွေ့ရတယ်။ သူက အဝေးမှာ ငွေရှာရတာ၊ အလုပ်လုပ်ရတာ လို့ တွေ့နေတယ်။ အဝေးကနေတော့ ကိုယ့်ကို သတိရနေတယ်။ လွမ်းနေတယ်။ ကိုယ့်ဆီပြန်လာဖို့လည်း စီစဉ်နေတယ်။ exဆိုလည်း ကိုယ်နဲ့က အကြောင်းမတိုက်ဆိုင်လို့သာ ဝေးခဲ့ရတာ။ သူက ခုထိမမေ့သေးဘူး။ ဘယ်သူနဲ့ထပ်တွဲတွဲ ကိုယ့်ဆီစိတ်ရောက်နေတာမျိုးပါ။ ဒီကဒ်ရွေးသူတွေကတော့ ကိုယ်နဲ့ပက်သက်ပြီးရင် တဖက်လူရင်ထဲစွဲအောင် ပြုလုပ်နိုင်တဲ့ အချစ်ခံလူတန်းစားတွေပါ။

 

Card 2

သူကတော့ အမှန်ကယ်ချစ်တာပါနော်။ အဓိကပြောချင်တာက RSတွေ။ ကိုယ့်ဘက်က သံသယများတယ်။ သူ အလုပ်ရှုပ်လို့ စကားမပြောတာ၊ အချိန်မပေးနိုင်တာကိုလည်း ကိုယ်က သူ နောက်တစ်ယောက်ရှိနေပြီထင်တာ။ တကယ်တော့ မဟုတ်ပါဘူးနော်။ သံသယစိတ်တွေလျှော့ပါ။ တဖက်ကဖြင့် ကိုယ့်ကို လက်ထပ်ဖို့ထိရည်ရွယ်ထားပြီး ငွေရှာနေတာ။ လက်ထပ်ဖို့ကံကလည်း ပါလာတယ်။ exကတော့ သူ ကိုယ့်ကိုသတိရနေတယ်။ ပြန်လာမှာ ၁၀လအတွင်း။

Card 3

ဒီကဒ်ရွေးသူတွေကတော့ Third person ရှိနေတတ်တယ်နော်။ exတွေဆိုလည်း စနှိုက်ကြော်ခံရလို့ ပြတ်သွားတာ တွေ့ရတယ်။ ကြော်သွားသူကလည်း ကိုယ်နဲ့သိတဲ့သူ 😅
ပြန်လာဦးမှာ။ ခြံခုန်သွားတဲ့နွားက ပိုင်ရှင်အဟောင်းဆီလည်း ပြန်လာ၊ အသစ်ဆီလည်း အလည်သွားပြီး ၂နေရာနေမှာ။
သတိထားပါ။ သူ့မှာ အချစ်မရှိဘူး။
RSတွေကတော့ ကြားလူဝင်လာတတ်တာ သတိထားပေါ့။ သူ အချိုးပြောင်းနေတာဆိုရင် သေချာသလောက်ပဲ။ အချစ်လျော့နေပြီ။

Card 4

ဒီကဒ်ရွေးသူတွေကတော့ RSတွေဆို ကိုယ့်ချစ်သူက ခြံခုန်ချင်တဲ့အရိပ်ယောင်တွေ့နေရလို့ အရိပ်တကြည့်ကြည့်နဲ့ ထိန်းနေရတဲ့ပုံပဲ။ အဲ့လို ခြံခုန်ချင်တာက ကိုယ့်ကြောင့်လည်းပါတယ်နော်။ ကိုယ်က သူ့ကို စကားတွေပေါက်ပေါက်ဖောက်သလိုပြော၊ တခုခုဆိုပြသနာရှာ၊ ရစ် ဆိုတော့ ဟိုက မနေနိုင်လို့ ခုန်ထွက်ချင်နေတာ။ ကိုယ့်အပြုမူကို ထိန်းသိမ်းပြီး တဖက်ကို လွတ်လပ်ခွင့်ပေးလိုက်ပါလို့ အကြံပေးချင်ပါတယ်။ ဟိုက အချစ်တောင် ကုန်နေပီ 😂
Ex ဆိုရင်တော့ ဟိုဘက်က လွတ်လပ်သွားပြီလို့ ဆိုရမလားပဲ။ ကိုယ့်အပြုမူတွေကြောင့် ဟိုက မြန်မြန်ဒိုးသွားတာ။ ပြန်လာဖို့လည်း မတွေးဘူး။ အချစ်လည်း မရှိတော့ဘူး။