
ရေမွန်လို့အသံကြားလိုက်တာနဲ့ယနေ့ချိန်ထိပရိသတ်တွေမေ့မရနိုင်တဲ့သူတစ်ယောက်ပါ။
သူ့မရှိတော့ပေမယ့် သူ့သီချင်းတွေကလူငယ်တွေယနေ့တိုင်နားထောင်နေကြတာပါ။
သူ့သီချင်းကြားတိုင်းလွမ်းဆွတ်နှမြောတသဖြစ်နေရတာပါ။
ဒီနေ့ကတော့သူ့ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။
သူ့ရဲ့မွေးနေ့လေးမှာ အမေဖြစ်သူကမေ့မရနိုင်တဲ့သူ့မွေးနေ့အမှတ်တရလေးကိုပြောပြခဲ့တာပါ။
သူ့မွေးနေ့မှာ
မှတ်မှတ်သားသားဖြစ်ခဲ့ရတဲ့သတိရစရာ တစ်ချိန်(2006 ခုနှစ်)က ရင်နာစရာအဖြစ်အပျက်လေးတစ်ခု ပြောပြမယ်True Story လေးပါ..(2006) ဆိုတော့..တွတ်ပီတို့ ဘတ်စ်ကားစီး၊လမ်းဘေးရေခဲရေဝယ်သောက်ပြီး
” လူအဂီတ”စတင်အကောင်အထည်ဖေါ်ချိန်လောက်ကပေါ့Own Tune စစ်စစ်တစ်ပုဒ်ကို(သုံးသောင်းလောက်ရဖို့)တွတ်ပီ မျက်နှာငယ်ငယ်နဲ့တောင်းပန်ခယ ရောင်းခဲ့ရချိန်ပါအမေက သူ့အသံသွင်းစရိတ်လေးရအောင်(ပညာလဲသင်ပေးရင်း)ဟာမိုနီခွေထဲဝင်ဆိုခိုင်း
တပည့်တွေဆီသူ့သီချင်းလေးတွေ စပ်ဟပ်ရောင်းပေး၊ရတဲ့ငွေလေးနဲ့ Studio ပြေးအသံသွင်းရတဲ့ကာလ
သူ ငွေရှာရတာ အတော်ခက်ခဲပင်ပန်း
ခဲ့တယ်..တစ်ရက် မှတ်မှတ်ယယ(ရက်စွဲတွေအတိအကျ
မှတ်မိနေတာက သူ့အတွက်ရင်နာခဲ့ရလွန်းလို့ပါ)။
သူ့မွေးနေ့မတိုင်မီ (25.11.06) ည(9:00)လောက်ချွေးတွေရွှဲပြီး သူမောကြီးပန်းကြီးနဲ့အိမ်ပြန်ရောက်လာတယ်မျက်နှာလဲမကောင်းဘူး
ပြီးတော့..ဘာမပြောညာမပြောနဲ့
အခန်းအုတ်နံရံကို လက်သီးနဲ့
၄-၅ ချက်ထိုးပြီး ရှိုက်ကြီးတငင် ငိုပါလေရောမအေနဲ့တုံတုံ(ပေါက်စလေးဘဲရှိသေး) အရမ်းအံ့ဩထိတ်လန့်ပြီး ဘာဖြစ်လာတာလဲမေးတော့..ငိုနေရင်းနဲ့ မနက်ဖန်သူ့မွေးနေ့(26.11.06)
သူ့ သူငယ်ချင်းတွေကို ကျွေးမွေးချင်လို့သီချင်းသွားရောင်းတာ
အဆင်မပြေခဲ့ဘူးပိုက်ဆံလျှောက်ချေးကြည့်တာလဲ မရခဲ့ဘူးအဲ့ဒါတွေဟာ လူစိတ်မရှိတဲ့၊တာဝန်မကြေ၊အသုံးမကျတဲ့(. . .) ကြောင့်လို့ ပြောပြောပြီးငိုရင်း နံရံကိုဆက်ထိုးနေတာမြင်ရတဲ့ အမေ ရင်ကွဲတော့တာဘဲမအေကလဲ အိမ်ငှားခတွေပေးရတော့မှာမို့ငွေစုနေရလို့ သူ့မွေးနေ့အတွက်မုန့်ဖိုးမပေးနိုင်နောက်ဆုံးတော့သားအမိသုံးယောက်ဖက်ငိုပြီး အိပ်လိုက်ကြရတယ်မနက်မိုးလင်း(သူ့မွေးနေ့မနက်)ကံကောင်းချင်တော့
တပည့်မတစ်ယောက်က ဟာမိုနီ(၃)ပုဒ်
ချက်ချင်းလာဆိုပေးဖို့အပ်တယ်
သားအမိနှစ်ယောက် Taxi နဲ့ Pro ကို
ချီတက် ! လမ်းမှာ (သူ့ပါးလေးနမ်းပြီး( HappyBirthday) လို့ နှုတ်ဆက်တော့ဝမ်းနည်းအားငယ်နေတဲ့မျက်နှာနဲ့
မျက်ရည်တွေဝဲပြီး ပြန်ပြောတယ်။
(Fucking Happy Birthday) တဲ့
စိတ်ထိခိုက်ရတာအရမ်းဘဲ
သားအမိနှစ်ယောက် ဟာမိုနီ(၃)ပုဒ်ကို
အဲ့ခေတ်က (Ks.50000/-) ရတယ်
တကယ်ဆို..ကိုယ်ကအဖွဲ့ခေါင်းဆောင်
သူကပညာသင်အဆင့်ဘဲရှိသေးလို့
သူ့ကိုအများဆုံး တစ်သောင်းခွဲဘဲ
ပေးသင့်တာအိမ်အပြန်လမ်း Taxi ပေါ်မှာဆိုလို့ရတဲ့ (50000/-) လုံး
သူ့လက်ထဲထည့်ပြီး တွတ်ပီသူငယ်ချင်းတွေကိုကျွေးလို့ရပြီ ..ယူသွား ပြောတော့
(အဲ့အချိန်က ငွေငါးသောင်းဆိုတာ
အတော်စားသောက်သုံးစွဲလို့လုံလောက်တဲ့ပမာဏပါ)ညှိုးငယ်နေတဲ့မျက်နှာလေး လက်ကနဲဖြစ်သွားပြီး မအေပါးကိုရွှတ်ကနဲနမ်းThank U Mommy လို့ပြောပြီးလမ်းတစ်ဝက်မှာအမြန်ဆင်း
သူ့အပေါင်းအသင်းတွေဆီ
ဝမ်းသာအားရထွက်သွားတယ်
သူပျော်သွားတဲ့မျက်နှာမြင်လိုက်ရတော့မှမအေရင်ထဲ အေးချမ်းသွားတော့တယ်(26.11.06)နေ့ဟာ သူ့အတွက်အမှန်တကယ် Happy Birthday ဖြစ်ခဲ့ပြီဆိုပြီးပြောပြခဲ့တာပါ။
ေရမြန္လို႔အသံၾကားလိုက္တာနဲ႔ယေန႔ခ်ိန္ထိပရိသတ္ေတြေမ့မရႏိုင္တဲ့သူတစ္ေယာက္ပါ။
သူ႔မရွိေတာ့ေပမယ့္ သူ႔သီခ်င္းေတြကလူငယ္ေတြယေန႔တိုင္နားေထာင္ေနၾကတာပါ။
သူ႔သီခ်င္းၾကားတိုင္းလြမ္းဆြတ္ႏွေျမာတသျဖစ္ေနရတာပါ။
ဒီေန႔ကေတာ့သူ႔ရဲ႕ေမြးေန႔ေလးပဲျဖစ္ပါတယ္။
သူ႔ရဲ႕ေမြးေန႔ေလးမွာ အေမျဖစ္သူကေမ့မရႏိုင္တဲ့သူ႔ေမြးေန႔အမွတ္တရေလးကိုေျပာျပခဲ့တာပါ။
သူ႔ေမြးေန႔မွာ
မွတ္မွတ္သားသားျဖစ္ခဲ့ရတဲ့သတိရစရာ တစ္ခ်ိန္(2006 ခုႏွစ္)က ရင္နာစရာအျဖစ္အပ်က္ေလးတစ္ခု ေျပာျပမယ္True Story ေလးပါ..(2006) ဆိုေတာ့..တြတ္ပီတို႔ ဘတ္စ္ကားစီး၊လမ္းေဘးေရခဲေရဝယ္ေသာက္ၿပီး
” လူအဂီတ”စတင္အေကာင္အထည္ေဖၚခ်ိန္ေလာက္ကေပါ့Own Tune စစ္စစ္တစ္ပုဒ္ကို(သုံးေသာင္းေလာက္ရဖို႔)တြတ္ပီ မ်က္ႏွာငယ္ငယ္နဲ႔ေတာင္းပန္ခယ ေရာင္းခဲ့ရခ်ိန္ပါအေမက သူ႔အသံသြင္းစရိတ္ေလးရေအာင္(ပညာလဲသင္ေပးရင္း)ဟာမိုနီေခြထဲဝင္ဆိုခိုင္း
တပည့္ေတြဆီသူ႔သီခ်င္းေလးေတြ စပ္ဟပ္ေရာင္းေပး၊ရတဲ့ေငြေလးနဲ႔ Studio ေျပးအသံသြင္းရတဲ့ကာလ
သူ ေငြရွာရတာ အေတာ္ခက္ခဲပင္ပန္း
ခဲ့တယ္..တစ္ရက္ မွတ္မွတ္ယယ(ရက္စြဲေတြအတိအက်
မွတ္မိေနတာက သူ႔အတြက္ရင္နာခဲ့ရလြန္းလို႔ပါ)။
သူ႔ေမြးေန႔မတိုင္မီ (25.11.06) ည(9:00)ေလာက္ေခြၽးေတြ႐ႊဲၿပီး သူေမာႀကီးပန္းႀကီးနဲ႔အိမ္ျပန္ေရာက္လာတယ္မ်က္ႏွာလဲမေကာင္းဘူး
ၿပီးေတာ့..ဘာမေျပာညာမေျပာနဲ႔
အခန္းအုတ္နံရံကို လက္သီးနဲ႔
၄-၅ ခ်က္ထိုးၿပီး ရႈိက္ႀကီးတငင္ ငိုပါေလေရာမေအနဲ႔တုံတုံ(ေပါက္စေလးဘဲရွိေသး) အရမ္းအံ့ဩထိတ္လန႔္ၿပီး ဘာျဖစ္လာတာလဲေမးေတာ့..ငိုေနရင္းနဲ႔ မနက္ဖန္သူ႔ေမြးေန႔(26.11.06)
သူ႔ သူငယ္ခ်င္းေတြကို ေကြၽးေမြးခ်င္လို႔သီခ်င္းသြားေရာင္းတာ
အဆင္မေျပခဲ့ဘူးပိုက္ဆံေလွ်ာက္ေခ်းၾကည့္တာလဲ မရခဲ့ဘူးအဲ့ဒါေတြဟာ လူစိတ္မရွိတဲ့၊တာဝန္မေၾက၊အသုံးမက်တဲ့(. . .) ေၾကာင့္လို႔ ေျပာေျပာၿပီးငိုရင္း နံရံကိုဆက္ထိုးေနတာျမင္ရတဲ့ အေမ ရင္ကြဲေတာ့တာဘဲမေအကလဲ အိမ္ငွားခေတြေပးရေတာ့မွာမို႔ေငြစုေနရလို႔ သူ႔ေမြးေန႔အတြက္မုန႔္ဖိုးမေပးႏိုင္ေနာက္ဆုံးေတာ့သားအမိသုံးေယာက္ဖက္ငိုၿပီး အိပ္လိုက္ၾကရတယ္မနက္မိုးလင္း(သူ႔ေမြးေန႔မနက္)ကံေကာင္းခ်င္ေတာ့
တပည့္မတစ္ေယာက္က ဟာမိုနီ(၃)ပုဒ္
ခ်က္ခ်င္းလာဆိုေပးဖို႔အပ္တယ္
သားအမိႏွစ္ေယာက္ Taxi နဲ႔ Pro ကို
ခ်ီတက္ ! လမ္းမွာ (သူ႔ပါးေလးနမ္းၿပီး( HappyBirthday) လို႔ ႏႈတ္ဆက္ေတာ့ဝမ္းနည္းအားငယ္ေနတဲ့မ်က္ႏွာနဲ႔
မ်က္ရည္ေတြဝဲၿပီး ျပန္ေျပာတယ္။
(Fucking Happy Birthday) တဲ့
စိတ္ထိခိုက္ရတာအရမ္းဘဲ
သားအမိႏွစ္ေယာက္ ဟာမိုနီ(၃)ပုဒ္ကို
အဲ့ေခတ္က (Ks.50000/-) ရတယ္
တကယ္ဆို..ကိုယ္ကအဖြဲ႕ေခါင္းေဆာင္
သူကပညာသင္အဆင့္ဘဲရွိေသးလို႔
သူ႔ကိုအမ်ားဆုံး တစ္ေသာင္းခြဲဘဲ
ေပးသင့္တာအိမ္အျပန္လမ္း Taxi ေပၚမွာဆိုလို႔ရတဲ့ (50000/-) လုံး
သူ႔လက္ထဲထည့္ၿပီး တြတ္ပီသူငယ္ခ်င္းေတြကိုေကြၽးလို႔ရၿပီ ..ယူသြား ေျပာေတာ့
(အဲ့အခ်ိန္က ေငြငါးေသာင္းဆိုတာ
အေတာ္စားေသာက္သုံးစြဲလို႔လုံေလာက္တဲ့ပမာဏပါ)ညႇိဳးငယ္ေနတဲ့မ်က္ႏွာေလး လက္ကနဲျဖစ္သြားၿပီး မေအပါးကို႐ႊတ္ကနဲနမ္းThank U Mommy လို႔ေျပာၿပီးလမ္းတစ္ဝက္မွာအျမန္ဆင္း
သူ႔အေပါင္းအသင္းေတြဆီ
ဝမ္းသာအားရထြက္သြားတယ္
သူေပ်ာ္သြားတဲ့မ်က္ႏွာျမင္လိုက္ရေတာ့မွမေအရင္ထဲ ေအးခ်မ္းသြားေတာ့တယ္(26.11.06)ေန႔ဟာ သူ႔အတြက္အမွန္တကယ္ Happy Birthday ျဖစ္ခဲ့ၿပီဆိုၿပီးေျပာျပခဲ့တာပါ။