ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ သနားစဖွယ် ကလေးလေး တစ်ယောက်ကို မွေးစားလိုက်ပြန်တဲ့ ခိုင်နှင်းဝေ

ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ သနားစဖွယ် ကလေးလေး တစ်ယောက်ကို မွေးစားလိုက်ပြန်တဲ့ ခိုင်နှင်းဝေ

ပရဟိတ မင်းသမီးလေးလို့ နာမည်ကြီးနေတဲ့
ပြည်သူ့အချစ်တော် မင်းသမီးကြီး ခိုင်နှင်းဝေ

ကိုတော့ ပရိတ်သတ်ကြီးတို့ မှတ်မိမှာပါ။

သူမကတော့ ယောင်္ကျားဖြစ်သူနဲ့ ကွာရှင်းပြီး

နောက်ပိုင်းမှာ ဆိုရင်တော့ ရွှန်းရွှန်းဆိုတဲ့
သမီးလေးကို မွေးစားခဲ့ပါတယ်။

နောက်ပိုင်းမှာ ဆိုရင်တော့ မိဘက စွန့်ပစ်ထားတဲ့
သနားစဖွယ် ကလေးလေးတွေကို ဆက်လက်
မွေးစားခဲ့ပြီး အခုဆိုရင် ခိုင်နှင်းဝေဂေဟာ
ဆိုပြီး မိဘမဲ့ ကလေးတွေအတွက်
ခိုနားရာလေးတွေ လုပ်ပေးခဲ့ပါတယ်။

ခိုင်နှင်းဝေဂဟာကိုတော့ ကလေးတွေ
အများကြီးဟာ ပုံစံအမျိုးမျိုးနဲ့ ရောက်လာ

လေ့ရှိပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ကလေးလေး
တစ်ယောက်က ဒဏ်ရာဒဏ်ချက်တွေ အများကြီးနဲ့
သူမရဲ လက်ထဲကို ရောက်လာခဲ့ပါတယ်။

အဲ့ဒီ့အကြောင်းကိုတော့ ” စွန့်ပစ်ခံရတဲ့
သဲကုန်းသားလေး ကျမဆီ ရောက်လာပါပီရှင်…
စိတ်မကောင်းစရာကတော့ ကလေးက တကိုယ်လုံး
အညိုအမဲများစွဲနေပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့
အနေအထားလေးပါ..

 

ဇစ်မြစ်များ သေချာ မသိပေမဲ့ အတတ်နိုင်ဆုံး
အရေးပေါ် ကုသပေးပါသော ရန်ကင်း
ကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများ
အားလုံးကို အထူးကျေးဇူးတင် ရှိပါတယ်ရှင်..ကံကောင်း
ကျန်းမာပါစေလို့ ကျမ ဆုတောင်းရင်း အသက်
တစ်ချောင်းကို ကယ်တင်ခွင့်ရပါစေရှင်..” ဆိုပြီးတော့
သူမရဲ့ ဆိုရှယ်စာမျက်နှာမှာ မျှဝေထားပါတယ်။


ပရိတ်သတ်ကြီးတို့ရေ… ကြည့်ပါဦး
သနားဖို့ကောင်းလိုက်တာ။

Zawgyi Version





လေ့ရှိပါတယ်။


အနေအထားလေးပါ..

