
အခုမှာတော့ခင်လှိုင်ကိစ္စနဲ့ပတ်သတ်ပြီးလူမှုကွန်ရက်မှာပရိသတ်တွေအပြောများနေခဲ့တာပါ။
Live Saleလေးတွေ ရောင်းနေတဲ့ ခင်လှိုင်ကိုမင်းမော်ကွန်းက သတိပေးပြောခဲ့တာပါ။
ဒါကြောင့်လည်း Live လွှင့်စမှာတင်ပြန်ဖျက်ခဲ့တာပါ။အဲ့video လေးလိုင်းပေါ်ပြန့်နှံခဲ့တာပါ။
အဲ့နောက်မှာအခြေအတင်တွေဖြစ်ကြပြီးသဇင်ထူးမြင့်ပါ ပါဝင်ခဲ့ပါတယ်။
ဒါကြောင့်လည်းခုလို သဇင်ထူးမြင့်ကလူမှုကွန်ရက်ကနေပြန်တင်ခဲ့တာပါ။
လေးစားရပါသောအကိုကျော်ကျော်ဌေးလွင်ရှင် စကားအမှားပါသွားခဲ့ရင် ကြိုတောင်းပန်ပါတယ် ညီမအကောင့်ကနေ အကို့ကို တစ်ခါမှမblockခဲ့ဖူးပါဘူး အကို့ဘက်ကပဲ ညီမကို blockထားတဲ့အတွက် ဒီစာလေးကို တစ်ဆင့်ပြပေးပါရှင့်ညီမတို့မျက်ရည်ခံထိုးနေခြင်းမဟုတ်ပါ
ညီမတို့ အားလုံးအတူတူရှိခဲ့ကြသည်မှန်ပါသည် တခါလေးမှအပေါ်ယံစိတ်နဲ့မလုပ်ခဲ့ဖူးပါ ဒုက္ခများစွာလည်းရင်ဆိူင်ခဲ့ရပါတယ်
အဆုံးထိစွန့်လွှတ်ခဲ့တဲ့သူတွေနဲ့ယှဉ်ပြီးမပြောပလောက်ပေမယ့် တစ်မိသားစုလုံးရောက်ခဲ့တဲ့ဒုက္ခတိုင်းကို အနားကသူတွေအသိကြဆုံးပါ
ညီမတို့အလုပ်တွေကို တစ်နှစ်လုံးနားခဲ့တာပါ
ဘာဝင်ငွေမှမရှိပဲနေခဲ့တာပါ မေမေ့ကျန်းမာရေးအောက်ပိုင်းသေမလိုထိဖြစ်တဲ့ချိန်မှာ ညီမပိုက်ဆံအရမ်းလိုလို့ကြော်ငြာလေးပြန်စရိုက်ပါတယ် ပြီးတော့မေမေသက်သာချိန်မှာ
ဖေဖေဆီးကျောက်တည်တာကနေ သွေးအန်တဲ့ထိဖြစ်လို့ မနည်းပြန်ကုထားရတာပါ ရောဂါတွေတစ်ခုပြီးတစ်ခုဖြစ်ကြချိန် ဝင်ငွေအရမ်းလိုအပ်ပါတယ်
ဒါတွေအနားကလူတွေသာအသိဆုံးပါ
ညီမတို့ကို အချမ်းသာဆုံး လူရွှင်တော်လို့ပြောတဲ့တိုင်းလေး တကယ်ဖြစ်ချင်ပါတယ် ဒီလိုအကုန်ခက်ခဲနေတဲ့ကာလမှာ ဘယ်လိုလူမျိုးမို့လို့ ဘာအလုပ်မှမလုပ်ပဲထိုင်စားနိုင်မှာလဲရှင့်
ညီမတို့လည်း သာမန်ပြည်သူထဲက ပြည်သူတွေပါ ဒုက္ခတွေဆိုတာလူတိုင်းမှာရှိပါတယ်
ဖေဖေလည်းအများနည်းတူမိသားစုအတွက်ရိုးရိုးသားသားliveစျေးရောင်းတာပါ ပျော်ရွှင်နေတဲ့ဘဝကို liveကြီးလွှင့်ပြီးချပြနေတာမဟုတ်ပါဘူးရှင့်
မနေ့ကလည်း ဖေဖေ အကို့ကို မblockခဲ့ပါဘူးရှင် စဖြစ်ဖြစ်ချင်းliveရပ်ခဲ့ပါတယ် ဖေဖေစိတ်မကောင်းမှာစိုးလို့ စာတွေမဖတ်မိအောင်
Facebook messenger တွေ ညီမကိုယ်တိုင်app ကိုဖျက်ထားပေးတာပါ မblockတာကို ညီမတို့အသိဆုံးပါစီးပွါးရေးလို့ ကြီးကြီးကျယ်ကျယ်ပြောလို့ရအောင်ထိ ဝင်ငွေများရှိခဲ့ရင်
ဘာတစ်ခုမှအလုပ်မလုပ်တော့ပဲတကယ်နေချင်ပါတယ် မိသားစုစားဝတ်နေရေးတွက်အလုပ်လေးတော့လုပ်ပါရစေရှင့်
မိသားစုမှာဖြစ်ပေါ်နေတဲ့ချပြလို့မရတဲ့အခက်ခဲတွေ ဝန်ထုပ်ဝန်ပိုးတွေကို အဆင်ပြေသလိုလေး ကြိုးစားဖြေရှင်းနေရတာပါ
အခုလိုအခက်ခဲတွေ အကြပ်တည်းတွေရင်ဆိုင်နေရချိန်မှာ မန်းလေးမှာရှိတဲ့ အဒေါ်မိသားစုက ကူညီစောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးကြောင့်သာ ညီမတို့မိသားစုလေးဟန်မပျက် နေနိုင်ခဲ့တာပါ အဲ့ဒီကျေးဇူးတွေကြောင့် အဒေါ်မိသားစုပိုင်ဆိုင်တဲ့ ဆိုင်လေးကို တတ်နိုင်တဲ့အနုပညာလေးနဲ့ ညီမတို့ ဝိုင်းဝန်းကြော်ညာပေးခဲ့တယ်
ညီမတို့ကို အားပေးခဲ့တဲ့သူတွေကြောင့်သာ ယခုအခြေနေလေးရောက်ခဲ့တာပါ လက်ရှိအခြေနေမှာ ညီမတ်ို့မိသားစုလုပ်ရပ်က ပြစ်တင်ရှုတ်ချစရာဖြစ်နေခဲ့ရင်လည်း ကျေနပ်စွာလက်ခံပါ့မယ်
အမှားများပါခဲ့ရင်လည်း ထပ်ပြီးတောင်းပန်ပါတယ် မိသားစုအခက်အခဲနဲ့ စားဝတ်နေရေးများကြောင့်အလုပ်လေးတော့ဆက်လုပ်သွားမှာမို့ လေးစားချစ်ခင်စွာလေးအသိပေးပါရစေရှင့်
ချစ်ခင်လေးစားလျက်ပါ အကိုရေ
စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး
အစစအရာရာအဆင်ပြေချော့မွေ့ပါစေအကိုဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။
ညီမတို့ အားလုံးအတူတူရှိခဲ့ကြသည်မှန်ပါသည် တခါလေးမှအပေါ်ယံစိတ်နဲ့မလုပ်ခဲ့ဖူးပါ ဒုက္ခများစွာလည်းရင်ဆိုင်ခဲ့ရပါတယ်
ဖေဖေလည်းအများနည်းတူမိသားစုအတွက်ရိုးရိုးသားသားliveဈေးရောင်းတာပါ ပျော်ရွှင်နေတဲ့ဘဝကို liveကြီးလွှင့်ပြီးချပြနေတာမဟုတ်ပါဘူးရှင့်
ညီမတို့ကို အားပေးခဲ့တဲ့သူတွေကြောင့်သာ ယခုအခြေနေလေးရောက်ခဲ့တာပါ လက်ရှိအခြေနေမှာ ညီမတို့မိသားစုလုပ်ရပ်က ပြစ်တင်ရှုတ်ချစရာဖြစ်နေခဲ့ရင်လည်း ကျေနပ်စွာလက်ခံပါ့မယ်