ဒီအခြေအနေ ဆိုးကြီးမှာ ဘာမှ မလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ ပိုင်တံခွန်

ဒီအခြေအနေ ဆိုးကြီးမှာ ဘာမှ မလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံ မှာသာမကပဲ ကမ္ဘာအရပ်ရပ်မှာပါ
နာမည်ကြီး ရေပန်းစား ကျော်ကြားနေတဲ့

မော်ဒယ် တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ကိုတော့
ပရိတ်သတ်ကြီးတို့တွေ မှတ်မိကြမှာပါ။

မြန်မာနိုင်ငံမှာ စစ်ကောင်စီ ဖမ်းစီးခံရပြီး
ပြန်လွတ်လာတဲ့ အနုပညာရှင် တွေထဲမှာတော့
ပိုင်တံခွန်တစ်ယောက်လဲ အပါအဝင် ဖြစ်ပါတယ်။

သူကတော့ အခြားသော ဖမ်းဆီးခံ
အနုပညာရှင်တွေလို မဟုတ်ပဲ ထောင်က
ထွက်လာကတည်းက စစ်ကောင်စီနဲ့ လက်ဖဝါး
ခြင်းရိုက်ပြီး မြန်မာနိုင်ငံဟာ ပုံမှန်လည်ပတ်သလို

ပုံစံနဲ့ ကြော်ငြာတွေ ရိုက်ကူးခဲ့ပါတယ်။

မနေ့က အနုပညာရှင်တိုင်း လေးစားအားကျရတဲ့

Hip Hop အဆိုတော် တစ်ဖြစ်လဲ
လွှတ်တော်အမတ် တစ်ဦးလည်းဖြစ်တဲ့
အက်စစ်အဖွဲ့ရဲ့ ဇေယျာသော်နဲ့ အရပ်သား
နှစ်ဦးအပါအဝင် ၈၈ မျိုးဆက် ဖြစ်တဲ့
ကိုဂျင်မီ တို့ကို သေဒဏ်ပေးခဲ့ပါတယ်။

အဲ့ဒီ့သတင်းကြောင့် လူတော်တော် များများကတော့
ဒေါသတွေ ထွက်လာကြပြီး စစ်ကောင်စီရဲ့ ‌‌
ဒေါက်တိုင်တွေကို အရေးတယူလုပ်နေတဲ့
အနုပညာရှင်တွေ တော်တော်များများကို
လူမှုရေး ပစ်ဒဏ်ပေးခဲ့ကြပါတယ်။

အဲ့ဒီ့သတင်း ထွက်လာပြီး နောက်ပိုင်းမှာတော့
ပိုင်တံခွန်တစ်ယောက် အိုးမလုံ အုံပွင့်ပြီး
စာအရှည်ကြီး ထရေးပါတော့တယ်။

“သူအနေနဲ့ ဒီအခြေ‌အနေ ဆိုးကြီးမှာ ဘာမှ
မလုပ်ပေးနိုင်လို့ စိတ်မကောင်းပါဘူး…
သူကို ဘိုင်ကုတ်မယ် ဆိုရင်လည်း အဆင်ပြေပါတယ်”
ဆိုပြီး‌တော့ သူ့ရဲ့ ဆိုရှယ်စာမျက်နှာပေါ်မှာ
မျှဝေလာခဲ့ပါတယ်။

Zawgyi Version

ဒီအေျခအေန ဆိုးႀကီးမွာ ဘာမွ မလုပ္ေပးႏိုင္လို႔ စိတ္မေကာင္းျဖစ္ေနတဲ့ ပိုင္တံခြန္

ျမန္မာႏိုင္ငံ မွာသာမကပဲ ကမာၻအရပ္ရပ္မွာပါ
နာမည္ႀကီး ေရပန္းစား ေက်ာ္ၾကားေနတဲ့
ေမာ္ဒယ္ တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္ကိုေတာ့
ပရိတ္သတ္ႀကီးတို႔ေတြ မွတ္မိၾကမွာပါ။

ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီ ဖမ္းစီးခံရၿပီး
ျပန္လြတ္လာတဲ့ အႏုပညာရွင္ ေတြထဲမွာေတာ့
ပိုင္တံခြန္တစ္ေယာက္လဲ အပါအဝင္ ျဖစ္ပါတယ္။

သူကေတာ့ အျခားေသာ ဖမ္းဆီးခံ
အႏုပညာရွင္ေတြလို မဟုတ္ပဲ ေထာင္က
ထြက္လာကတည္းက စစ္ေကာင္စီနဲ႔ လက္ဖဝါး
ျခင္း႐ိုက္ၿပီး ျမန္မာႏိုင္ငံဟာ ပုံမွန္လည္ပတ္သလို
ပုံစံနဲ႔ ေၾကာ္ျငာေတြ ႐ိုက္ကူးခဲ့ပါတယ္။

မေန႔က အႏုပညာရွင္တိုင္း ေလးစားအားက်ရတဲ့
Hip Hop အဆိုေတာ္ တစ္ျဖစ္လဲ
လႊတ္ေတာ္အမတ္ တစ္ဦးလည္းျဖစ္တဲ့
အက္စစ္အဖြဲ႕ရဲ႕ ေဇယ်ာေသာ္နဲ႔ အရပ္သား
ႏွစ္ဦးအပါအဝင္ ၈၈ မ်ိဳးဆက္ ျဖစ္တဲ့
ကိုဂ်င္မီ တို႔ကို ေသဒဏ္ေပးခဲ့ပါတယ္။

အဲ့ဒီ့သတင္းေၾကာင့္ လူေတာ္ေတာ္ မ်ားမ်ားကေတာ့
ေဒါသေတြ ထြက္လာၾကၿပီး စစ္ေကာင္စီရဲ႕ ‌‌
ေဒါက္တိုင္ေတြကို အေရးတယူလုပ္ေနတဲ့
အႏုပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ားကို
လူမႈေရး ပစ္ဒဏ္ေပးခဲ့ၾကပါတယ္။

အဲ့ဒီ့သတင္း ထြက္လာၿပီး ေနာက္ပိုင္းမွာေတာ့
ပိုင္တံခြန္တစ္ေယာက္ အိုးမလုံ အုံပြင့္ၿပီး
စာအရွည္ႀကီး ထေရးပါေတာ့တယ္။

“သူအေနနဲ႔ ဒီအေျခ‌အေန ဆိုးႀကီးမွာ ဘာမွ
မလုပ္ေပးႏိုင္လို႔ စိတ္မေကာင္းပါဘူး…
သူကို ဘိုင္ကုတ္မယ္ ဆိုရင္လည္း အဆင္ေျပပါတယ္”
ဆိုၿပီး‌ေတာ့ သူ႔ရဲ႕ ဆိုရွယ္စာမ်က္ႏွာေပၚမွာ
မွ်ေဝလာခဲ့ပါတယ္။