
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးပိုင်ဖြိုးသုကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးပဲ ဖြစ်ပါတယ်။သုသုက ဟာသဇာတ်ကားတွေ၊ ဇာတ်ကားပေါင်း အမြောက်အများကိုရိုက်ကူးထားတဲ့ အပြင် ဆရာဝန်တစ်ဦးလဲ ဖြစ်ပါသေးတယ်။ သုသုက အေးချမ်းတဲ့ မိသားစုလေးကို ချစ်ခင်ပွန်း”ဏကြီး” နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
သုသုက ဟာသဇာတ်ကားတွေ၊ ဇာတ်ကားပေါင်း အမြောက်အများကိုရိုက်ကူးထားတဲ့ အပြင် ဆရာဝန်တစ်ဦးလဲ ဖြစ်ပါသေးတယ်။ သုသုက အေးချမ်းတဲ့ မိသားစုလေးကို ချစ်ခင်ပွန်း”ဏကြီး” နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။သုသုရဲ့ ပရိသတ်တွေကတော့ သေးသေးကွေးကွေးလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူမကို အမြဲလိုလိုအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။ သူမဟာ တကယ်လည်း ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့အလှတရားကို ပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။တော်လှန်ရေးကာလမှာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ သုသုက အရင်တုန်းက သူမရိုက်ခဲ့ဖူးတဲ့ “What happened to the wolf” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲ make-up rehearsalနဲ့ wardrobe fitting လုပ်တဲ့နေ့က ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို မျှဝေလာတာပဲ ဖြစ်ပါတယ်။
ပိုင်ဖြိုးသု “What happened to the wolf” အတွက် make-up rehearsalနဲ့ wardrobe fittingလုပ်တဲ့နေ့က ရိုက်ထားတဲ့ပုံလေးတွေ…..
အခုတော့လည်း…..အဲဒီ့ walkmanလေးကအစသိမ်းခံလိုက်ရတဲ့အထဲပါသွားပြီ…..” ဆိုပြီး အရင်တုန်းက အချိန်လေးတွေကို သတိရနေတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ “what happened to the wolf” ရုပ်ရှင်ဇာတ်ကားကြီးဟာ Oldenburg International Film Festival တွင် ပါ၀င်ပြသခွင့်ရရှိခဲ့ပါတယ်။ဒီဇာတ်ကားမှာဆိုရင် သရုပ်ဆောင်ပိုင်းကို အလွန်ပိုင်နိုင်ကျွမ်းကျင်လှတဲ့ မင်းသမီး(၂)လက်ဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင် နဲ့ ပိုင်ဖြိုးသု တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး လွင်မိုး၊ အောင်မြင့်မြတ်၊ကျော်ထက်အောင်နှင့်အခြားသရုပ်ဆောင်များ က Special Guest အနေနဲ့ ပါဝင်ထားကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ ဂျာမနီနိုင်ငံ “Oldenburg International Film Festival ” မှာ Seymour Cassel Award for Best Performance ဆုအား ချီးမြှင့်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။
Source : Paing Phyoe Thu’s FB Acc