
ဒီနေ့ကတော့လာမယ့်နှစ်သစ်ကိုကြိုဆိုမယ့်နေ့လေးတစ်နေ့ဖြစ်ပါတယ်။
အခုလိုနေ့လေးမရောက်ခင်မနေ့ညကတော့ပရိသတ်တွေကြားမှာအံ့သြစရာဖြစ်ခဲ့တာပါ။
လွှမ်းပိုင်နဲ့ Bobby Soxerတို့လမ်းခွဲခဲ့တဲ့အကြောင်းပါ။
နှစ်ပေါင်းများစွာတွဲလာခဲ့တဲ့သူတွေလည်းဖြစ်ကြတာပါ။
ပရိသတ်ချစ်တဲ့သူတွေလည်းဖြစ်တာကြောင့်ဝမ်းနည်းနေကြတာပါ။
သူ့ရဲ့လူမှုကွန်ရက်ကနေလည်းအခုလိုပဲရှင်းပြခဲ့ပါတယ်။
ကျွန်တော်တို့အသိပေးကြေငြာစရာလေးတစ်ခုရှိလို့ပါ ကျွန်တော်နဲ့ထက် တို့ ၂ဦးသဘောတူလမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းလေး ပြောပြချင်လို့ပါ
ထွေထွေထူးထူးပြဿနာမျိုးတွေထက် ဘဝရဲ့ဦးစားပေးရတဲ့အရာတွေရွေးချယ်ရမဲ့အချိန်မှာ အဖြေတွေမတူခဲ့လို့ ပါလို့ပဲ ရှင်းပြပါရစေ။
ဘယ်သူဘက်ကမှ မှန်တယ် မှားတယ်ဆိုတဲ့ အကြောင်းရင်းတွေလည်း မရှိတာမို့လို့ လည်း တကယ်ကို တယောက်အပေါ်တယောက်အမုန်းတရားမရှိတဲ့ လမ်းခွဲမှုတခုပါ။
တစ်ခုပဲတောင်းဆိုချင်တာကလေ အခုချိန်အားလုံးမှာလည်း အခက်ခဲကိုယ်စီ ပူဆွေးမှုကိုယ်စီမို့ ဒီကိစ္စကို အကျယ်အကျယ်တွေမချဲ့ဖို့လေးပါပဲ သာမာန်အတွဲတွေလိုပဲ ကြိုးစားဖြတ်သန်းနေရင်းကွဲကွာသွားကြတယ်လို့ပဲ မြင်ပေးစေချင်ပါတယ်။
တကယ်အလေးအနက်ပြောတာပါ အထူးသဖြင့် ထင်ရာကောက်ချက်ချပြီးလိုရာဆွဲရေးတဲ့ သို့လောသို့လောသတင်းတွေကြောင့် မလိုအပ်ပဲ တယောက် အပေါ် တယောက် ထိခိုက်နစ်နာစေလိုစိတ်မရှိတာမို့ ချဲ့ကားမရေးပဲ
ဒီတိုင်းလေးပဲ အသိပေးတဲ့စာလေးလို့ပဲ မြင်ပေးပါလို့ ကျွန်တော်တို့တောင်းဆိုတာလေးကို နားလည်ပေးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ် ဗျာဆိုပြီးပြောပြခဲ့တာပါ။