
ခိုင်နှင်းဝေဆိုတာနဲ့ပရိသတ်တွေချစ်ရသူတစ်ယောက်ပါ။
တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေခေတ်ကတည်းကပရိသတ်အားပေးမှုတွေနဲ့အောင်မြင်ခဲ့တာပါ။
အခုအနုပညာအလုပ်တွေစွန့်ပြီးပရဟိတတွေလုပ်နေချိန်မှာအောင်မြင်နေတာပါ။
ခုဆိုခိုင်နှင်းဝေမိဘမဲ့ဂေဟာလေးကလည်းအောင်မြင်နေခဲ့တာပါ။
သူမဖြစ်ချင်တဲ့ ကိုယ်ပိုင်ဂေဟာလေးကိုလည်းခုမှာပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂေဟာကသားသားမီးမီးလေးရဲ့ပုံရိပ်video လေးကိုလည်းတင်ပေးလေ့ရှိတာပါ။
အခုမှာတော့သူမဟာ သူမကိုတိုက်ခိုက်နေတဲ့သူတွေကိုခုလိုပညာသားပါပါပြောကြားခဲ့တာပါ။
ဘုရား တရားလုပ်ပီဆို အကုသိုလ်က စ,ပြီ..ပရဟိတလုပ်ရင် Brand မဝတ်ရဘူး၊စားစရာမရှိလို့ ထ, လုပ်တယ်၊ အလှူငွေတွေ တအားရတယ် ဆိုပြီးပဲ ဝေဖန်ကြတာကို စိတ်ထဲ မထားပဲနေလို့ရပေမဲ့ ကျမ စွန့်ပစ်ကလေးတွေကို မကယ်ပဲထားနိုင်တဲ့ စိတ်တော့ မရှိလို့
ဆက်လက်ပြီး ကယ်တင်ဖြစ်ဦးမှာပါ..ကျမ အနောက်မှာ လက်မဲလဲ မရှိသလို လက်ဖြူလဲ မရှိပါဘူး…အသက် (၁၈) နှစ်ထဲက အနုပညာလောကကို ခြေချလာတဲ့ အတွက် ကျမက ကလေးတွေရော၊ ပရဟိတကိုရော ဗန်းပြမှ စားနိုင်သောက်နိုင်လဲ မဟုတ်ပါဘူးရှင်..
ကျမ ကလေးတွေ နဲ့ ကျမ ပျော်သလိုနေပြီး ကျမ လုပ်နိုင်သလောက် ဆက်လုပ်သွားမှာမို့ ကျမကို ဝေဖန်တိုက်ခိုက်ရင်လဲ ကျမ အတွက် ဘာမှ မဖြစ်သလို အကိုတို့ အမတို့အတွက်လဲ တရက်အပြင် အပျင်းမပြေနိုင်ပါဘူးရှင်..ဆိုပြီးပြောလိုက်တာပါ။