
အာဇာနည်ဆိုတာနဲ့ပရိသတ်တွေချစ်တဲ့နိုင်ငံကျော်အဆိုတော်တစ်ယောက်ပါ။
သူတို့မိသားစုတွေကလည်းပရိသတ်တွေချစ်တဲ့မိသားစုလေးပါ။
ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်ကြောင့်လည်းပိုပြီးအောင်မြင်လာတာပါ။
အခုမှာတော့သူတို့မိသားစုလေးဟာထွက်ပြေးပုန်းရှောင်နေရတာပါ။
တော်လှန်ရေးမှာမိသားစုလိုက်ပါဝင်နေတာပါ။
လွတ်မြောက်နယ်မြေတစ်ခုကနေတော်လှန်ရေးအတွက်ပါဝင်နေတာပါ။
ဒီနေ့ကတော့သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့အမှတ်တရနေ့လေးဖြစ်တယ်။
သူတို့အမှတ်တရနေ့လေးကိုလူမှုကွန်ရက်ကနေခုလိုပြောပြခဲ့တာပါ။
အမှတ်တရနေ့လေးမို့ပါအချိုးကွေ့များစွာ အတတ်အကျများစွာ အတူရင်ဆိုင်ဖြတ်သန်းကြရဆဲပဲ မိန်းမရေ 19th Anniversary ပါဆိုပြီးပြောပြခဲ့တာပါ။