မကြာခင်မှာ လက်ထပ်တော့မယ့်အကြောင်း အသိပေးရင်း သူမရဲ့အနာဂတ်ခင်ပွန်းလောင်းကိုပါ ပုံနှင့်တကွထုတ်ပြလိုက်တဲ့ ရွှေရည်သိန်းတန်
ရွှေရည်သိန်းတန်ဆိုတာနဲ့မြန်မာသီချင်းလေးတွေနဲ့ပရိသတ်ရှေ့ရောက်လာသူပါ။
 နိုင်ငံကျော်အဆိုတော် တွံတေးသိန်းတန်ရဲ့သမီးလေးဖြစ်ပါတယ်။ 
အခုမှာတော့သူမအိမ်ထောင်ပြုမယ့်သတင်းတွေဂယက်ထနေတာပါ။ဒါကြောင့်ခုသူမရဲ့ကိစ္စဂယက်ထနေတာဖြစ်ပြီးခုလိုပဲဖြေရှင်းသွားခဲ့တာပါ။
ကျွန်မဘဝရဲ့လက်ကျန်အချိန်တွေကို မေတ္တာများနှင့်အတူ
ပုံအပ်ရမယ့်ခင်ပွန်းလောင်းကို.ပုံနှင့်တကွ.အကောင့်နှင့်ပါအလင်း
ပြမိတ်ဆက်ပေးလိုက်ပါတယ်အမျိုးတို့…ရွှေရည့်ကိုချစ်ခင်သလို.ရင်းနှီးချစ်ခင်ပေးကြပါရှင့်
အမည်…..ကိုအောင်မြတ်အသက်…..မိမိနှင့်အသက်တူအလုပ်အကိုင်…..လူပျိုကြီး..သ​င်္ဘောအရာရှိ..ရာထူး..မယ်ပြောပူး..အခွန်ကြောက်လို့စ်
 ခေတ္တ စင်္ကာပူ.မြတ်တံခွန် Air Con Sale and Service Engineering Group Directorဝါသနာ…….ပရဟိတအလှူများနှင့်ဆရာတော်ကြီးများ၏အထူးကပ္ပိယ.အတိုင်ပင်ခံ.ဇရပ်ဆောက်.ကျောင်းဆောက်🙈(မိမိနှင့်ဝါသနာတူသော်လည်း..သူကကိုယ့်ထက်စကေးကြမ်း🙈)
ခြေလေးချောင်းသားမစားတာချင်းတူတာ.သဘောအကျဆုံး🥰
မိဘအမည်….ဦးသန်းထွန်း+(ဒေါ်အေးအေးသိန်း)
မွေးချင်း..ယောင်းမအကြီး။ ၂ယောက်.အငယ် ၂ယောက်ရှိ
ယောက်ခထီး.ယောင်းမများနှင့်ဆက်ဆံရေး….အလွန်နွေးထွေးအေးချမ်းသောမိသားစုမေတ္တာရရှိ(ယောင်းမနှင့်မတူသော ညီမ.အမများရရှိထား..အကြီးဆုံးယောင်းမက.ဘာမှရှင်းပြစရာမလိုသော ငယ်သူငယ်ချင်းဖြစ်.🤪)
လက်ထပ်မည့်အချိန်….သူ့ပြောပါလိမ့်မယ်ချင့်🤣
Propose လုပ်ချိန် ချစ်တယ်ဆိုတာကိုဒုတိယနေရာထားပြီး
လက်ထပ်ခွင့်.စောင့်ရှောက်ခွင့်ပြုပါလို့ပြောပေးတဲ့နှလုံးသားကိုလေးစားချစ်မြတ်နိုးပါတယ်လို့ ဝန်ခံပါရစေ❤️
နှစ်ဖက်သဘောအရကုသိုလ်ရေးနှင့်သာဖြတ်ကျော်မည်ဖြစ်ပြီး.ဒီလိုအချိန်.
ဘာပွဲမှအကြီးအကျယ်မလုပ်သင့်တာမို့မလုပ်ပါဘူးရှင့်။
နိုင်ငံအရေးလောက်အရေးမပါတဲ့အချိန်မှာ မည်သည့် interviews မှလည်းမဖြေပါရစေနှင့်ရှင့်
ကိုကျော့်ကျော့်အဆူလည်းမခံနိုင်ပါဘူးရှင့်မပြောပြရင် ခိုးကြောင်ခိုးဝှက်ကြိတ်ပုန်းခုတ်တယ်ထင်မစိုးလို့ အသိပေးတာပါချင့်မှတ်ချက်…ကျွန်မကိုအလွန်ချစ်သည်ဟုထင်တာမို့ကျွန်မ Friထဲကအုပ်ထိမ်းသူများ…ကွကို mention ခေါ်ပြီးမေးကြည့်ကြပါချင်ထုံးစံအတိုင်း..ငရဲနှင့်ဝဋ်မျှဝေယူမယ့်အထူးတလိုင်းလေးတွေအတွက်ကတော့..
(ဒီလိုအချိန်မှာကျွန်မကို ဟိုလူကိုသတိမရဘူးလား.ဒီအကြောင်းတွေ.မှတ်မိသေးလားလို့ negative thinking နှင့်အနာကိုထုတ်နှင့်ဆွလို့ထိရောက်မယ်အထင်နှင့်မေးမယ့်သူများကိုလည်းကျွန်မကအခုထဲကကြိုဖြေထားပေးလိုက်မှာပါ.အသားမာတက်နေတဲ့..ဒဏ်ရာတွေများလွန်းလို့.ဘယ်ဒဏ်ရာကပိုနာသလည်းတောင်မသိတော့ပါဘူး..ပြီးတော့.ကျွန်မအတိတ်မေ့နေတာမဟုတ်သလို..ဦးနှောက်ပျက်နေတာမဟုတ်ဖူး..လမ်းဆက်လျှောက်နေတာပါ..
ဦးနေလကိုကျွန်မမမေ့မလျော့ဘဝရဲ့ဘယ်နေရာမှာထားသလည်း.သူ့ဖက်ကရောဘယ်လိုစိတ်တွေနှင့်နားလည်ပေးသလည်းဆိုတာ..တယောက်စီလိုက်ရှင်းပြစရာလိုမှမလိုတာပဲလေ..
ကျွန်မဘဝလေးကိုအေးချမ်းလုံခြုံအောင်လည်းခုပြောနေတဲ့သင်တို့တသက်တာ တာဝန်ယူမပေးနိုင်သလို.သေဆုံးသွားသူကိုပြန်ရှင်လာအောင်ရှင်တို့မစွမ်းနိုင်ကြပါဘူး..
ကျွန်မကိုဘဝရှေ့မဆက်နိုင်ပဲအမြဲအပူလုံးကြွ..လူလုံးမလှတာကိုမှမြင်ချင်နေမယ်ဆိုရင်တော့သင်တို့ဆန္ဒဘယ်တော့မှပြည့်မယ်မထင်ပါဘူး.ပူလောင်နေမယ့်အစားကိုယ့်ဘဝကိုသာအကောင်းဆုံးတည်ဆောက်ကြပါ..လို့)
ဒါမှမဟုတ်.ကာယကံရှင်ထက်ပိုသိ.ပိုတတ်..ပိုခံစားပြချင်တယ်ဆိုလည်း as you like ပါ..လူအချင်းချင်း..လှည့်ပတ်ခြင်း..အထင်သေးခြင်း..ဆင်းရဲစေလိုခြင်း..ကင်းကြပါစေရှင်.
 ဗုဒ္ဓဂုဏ်တန်ခိုးဖြင့် မိမိကိုယ်ကိုကောင်းစွာစောင့်ရှောက်ရင်းအေးချမ်းကြပါစေဆိုပြီးပြောပြခဲ့တာပါ။