တော်လှန်ရေးမှာလုပ်နိုင်တဲ့ဘက်ကနေပါဝင်နေတာကတော့ပြည်သူ့အချစ်တော်မင်းမော်ကွန်းပဲဖြစ်ပါတယ်။
ကိုကျော်လို့အများကချစ်စနိုးနဲ့ခေါ်ကြတာဖြစ်ပါတယ်။
တော်လှန်ရေးစကတည်းကသူဟာပါဝင်တော်လှန်ရင်း လွတ်မြောက်နယ်မြေမှာလည်းအချိန်တော်ကြာနေခဲ့ရတာပါ။
အခုမှာတော့သူဟာလွတ်မြောက်နယ်မြေကနေ သြစတေးလျကိုရောက်ရှိနေတာပါ။
မနာလိုတဲ့လူတစ်စုကတော့သူ့ကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲ့တာကြောင့်လည်း Bloggerတစ်ယောက်ကနေ ကိုကျော်ရဲ့တော်လှန်ရေးအပေါ်ထားတဲ့စိတ်ထားအမှန်ကိုခုကိုလေးစားဖွယ်ပြောဆိုခဲ့တာပါ။
ကိုကျော်ကို ဆဲတာလဲ ဆဲကြပေါ့။ဒါပေမယ့် သူတို့မိသားစု ကြုံရတဲ့ စိတ်ဒုက္ခကလဲမသေးဘူး။ သူက မြန်မာဘက်မှာ နေချင်တယ်၊
သူ့မိန်းမနဲ့ကလေးငယ်ကကျ တောထဲမှာလိုက်နေဖို့ အဆင်မပြေဘူး။ (ဒါတောင် အကြာကြီးနေသွားပါသေးတယ်) မိသားစုပြသနာတွေနဲ့ သူ့အမျိုးသမီးက တိုက်ပေါ်က ခုန်ချဖို့တောင် လုပ်တယ်ပြောတယ်။
ဝင်ငွေမရှိတာတွေ၊ အလုပ်မရှိတာတွေနောက်ကလိုက်လာတဲ့ ဝရမ်းပြေးဘဝက ခက်တယ်နော်။
ဒါတောင်ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စမပါသေးဘူး။ပြောပြတာ။
ကိုကျော်က သူ့မိသားစုကို သွားပို့ပြီး ပြန်လာမယ်လို့လည်းပြောသံကြားတယ်။
ဒါလဲသူ့ကိစ္စပဲ။ အရေးကြီးတာက ကိုကျော်က တော်လှန်ရေးစထဲက အပေါ်ယံမဟုတ်ဘဲ သူတတ်နိုင်တဲ့ဘက်ကနေ တောက်လျှောက်ပါလာခဲ့တာ။
အခုချိန်ထိလည်းတော်လှန်ရေးကို သစ္စာမဖောက်ဘူး။တော်လှန်ရေးကို အသုံးမချဘူး။တော်ပြီပေါ့။ ကိုယ်သာ သူ့နေရာမှာဆိုရင် … ဆိုတာလေးပဲ တချက်တွေးပေး။
အိုင့်ကိုလဲ လာဆဲမနေကြနဲ့အူး။အိုင်က ပြန်မဆဲဘူး။ဘာလို့လဲသိလား … အင်တာနက်မှမရတာကိုး ဆိုပြီးပြောပြခဲ့တာပါ။
အိုင်က ပြန်မဆဲဘူး။
ဘာလို့လဲသိလား … အင်တာနက်မှမရတာကိုး ဆိုပြီးပြောပြခဲ့တာပါ။