
ပရိသတ်ကြီးရေ သရုပ်ဆောင် အိမ့်ချစ်ကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်နေပြီပဲ ဖြစ်ပါတယ်။
အခုဆိုရင်လည်း သမီးလေးကို ပြုစုစောင့်ရှောက်ရင်း ပွဲလေးတွေမှာ သီချင်းသီဆိုရင်း သူမရဲ့ဘဝလေးကို ဖြတ်သန်းလျက် ရှိနေပါတယ်။
အိမ့်ချစ်ရဲ့သမီးလေး တေးအမရာလှိုင်ဟာလည်း နှစ်ဘက်မိဘတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။
အမရာလေးဟာလည်း မိခင်ဖြစ်သူရဲ့ဂီတအမွေကို ဆက်ခံသူဖြစ်လိမ့်မယ်လို့ ပရိသတ်တွေရဲ့ထင်ကြေးပေးခြင်းကို ခံနေရပါတယ်။
အမရာဟာ အခုအရွယ်ကတည်းက မေမေသီချင်းဆိုပြတာကို သဘောကျနေတတ်နေပြီ ဖြစ်ပါတယ်။
မကြာသေးခင်က အိမ့်ချစ်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ မေမေကိုယ်တိုင် သီချင်းဆိုပြပြီး ထမင်းခွံ့ကျွေးနေတာကို ခေါင်းတငြိမ့်ငြိမ့်နဲ့စားရင်း ဇိမ်ခံနေတဲ့ အိမ့်ချစ်သမီးလေးရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။
ကဲ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် အမရာလေးရဲ့ဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။