
သားဂန်းကတော့ခုအချိန်မှာချစ်သမီးလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။
ဇနီးဖြစ်သူ ဘေဘီမောင်အပြင်သမီးလေးပါမိသားစုထဲရောက်ရှိလာတာကြောင့်အချစ်တွေပိုနေရတော့မှာပါ။
ကိုယ်ဝန်စရှိချိန်ကတည်းကဇနီးလေးကိုဂရုစိုက်မှုတွေကြောင့်ပရိသတ်တွေအားကျလေးစားရသူလည်းဖြစ်ပါတယ်။
သူတို့ရဲ့သမီးဦးလေးကိုတော့ပြီးခဲ့တဲ့အပတ်က ဇနီးဖြစ်သူဘေဘီမောင်ကမွေးဖွားပေးခဲ့တာပါ။
သမီးလေးမွေးဖွားချိန်ကတည်းက ဇနီးနဲ့သမီးလေးနားမှာတစ်ဖဝါးမှမခွာပဲအနီးကပ်ပြုစုခဲ့တာပါ။
အဆိုပါပုံရိပ်လေးတွေကိုကြည့်ပြီးလည်းပရိသတ်တွေကကြည်နူးခဲ့ရတာပါ။
လူမှုကွန်ရက်မှာပုံရိပ်လေးတွေသိပ်တင်လေ့မရှိပေမယ့်လည်း အခုသမီးလေးမွေးဖွာချိန်မှာတော့ပထမဆုံးတင်ခဲ့တာပါ။
သမီးလေးအဖေ့ဘဝထဲရောက်လာတာ၇ရက်ရှိပြီဆိုပြီး သမီးလေးကိုကြည့်ရင်းပြောထားတာပါ။
သမီးလေးကလည်းဘယ်လိုတောင်ချစ်ဖို့ကောင်းလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။