ပရိသတ်ကြီးရေအနုပညာအလုပ်တွေခြေလှမ်းကြဲသွားပေမယ့် ချစ်စရာဇနီးချောလေးနဲ့အတူ န
ယူးချစ်တီးထမင်းဆိုင်လေးကို အတူတူ လုပ်ကိုင်လျက်ရှိနေတာပါ။
အမြဲအေးတူပူမျှနဲ့ အိမ်ထောင်သည်ဘဝကို အေးချမ်းစွာဖြတ်သန်းလာကြတဲ့
နေဆန်းတို့ဇနီးမောင်နှံကတော့အမြဲအလှူရေစက်လက်နဲ့မကွာပါပဲနော်။
ဒီနေ့ကျရောက်တဲ့ ၁၄ရက်နေ့ကတော့ နေဆန်းရဲ့ ၅၃နှစ်မြောက်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။
ဇနီးချောလေးကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ(14.6.2022)ကို
နေဆန်းရဲ့53နှစ်မြောက်မွေးနေ့အလှူလေးပါရှင့်မွေးနေ့တိုင်း
မွေးနေ့တိုင်းလှူခဲ့ရတဲ့မြတ်ဒါနခုဆိုရင်(10)နှစ်တိုင်ခဲ့ပါပြီ။
ရတနာပုံရိပ်ငြိမ်ဘုန်းတော်ကြီးစာသင်ကျောင်းမှာသံဃာတော်များနဲ့
စာသင်သား(120)အတွက်နေ့ဆွမ်းအာဟာရမြတ်ဒါန လှူဒါန်းမှုအစုစုအတွက်အမျှပေးပါတယ်။
Happy Birthday ပါယောကျာ်းရေဒီမွေးနေ့ကစလို့ မွေးနေ့ပေါင်းများစွာကို
ချစ်တဲ့မိသားစုနဲ့အတူ ကျန်းမာပြီးအေးချမ်းစွာဖြတ်သန်းနိုင်ပါစေ။
ကားရိုက်လေးရှိနေတာနဲ့ဒီနှစ်တော့ကိုယ်တိုင်ကိုယ်ကျမလှူဖြစ်မနှစ်က
အလှူပုံလေးတွေနဲ့ပါဆိုကာ တင်လာခဲ့တာပါ။
ပရိသတ်တွေလည်းနေဆန်းရဲ့မွေးနေ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။
Credit
Zawgyi
Credit