
ယုံကြည်မှုထားပြီး အလုပ်လုပ်ခဲ့ပေမယ့် လူရင်းဆီက ပိုက်ဆံ (၁၆) သိန်း အလိမ်ခံရလို့ စိတ်မကောင်းဖြစ်နေတဲ့ သင်းသင်း
မြန်မာနိုင်ငံရဲ့ Miss ပြိုင်ပွဲတွေမှာ
ဝင်ပြိုင်လေ့ရှိပြီး အလှမယ် တစ်ယောက်လည်း
ဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်း
ဖြစ်တဲ့ သင်းသင်းကိုတော့ ပရိတ်သတ်ကြီးတို့
သိကြမှာပါ။
ရုပ်ရှင်မင်းသား ဝေဠုကျော်ရဲ့ ရည်းစားဟောင်း
တစ်ယောက်လည်း ဖြစ်ပြီး သူမရဲ့
ချစ်သူဟောင်းကို တရားစွဲခဲ့တာကြောင့်
နာမည်ကြီးလာတဲ့ သူတစ်ယောက်လည်း
ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သင်းသင်း တစ်ယောက်ကတော့
စားဝတ်နေရေး အဆင်မပြေလို့ အွန်လိုင်း
စီးပွားရေးတွေကို သူမရဲ့ မိတ်ဆွေတချို့နဲ့
အတူတူ လုပ်ဆောင်နေပါတယ်။
အဲ့ဒီ့ထဲမှာ ဆိုရင်တော့ တစ်နှစ်ကျော်လောက်
စီးပွားရေး တွဲလုပ်နေတဲ့ အမတစ်ယောက်
ဖြစ်သူကတော့ သူမရဲ့ ယုံကြည်မှုကို
အလွဲသုံးစားလုပ်သွားခဲ့တယ်လို့
ဆိုပါတယ်။
သူမကတော့ ဆုံးရှုံးသွားတဲ့ ပိုက်ဆံ (၁၆) သိန်းကို
ပြန်လိုချင်ပေမယ့်လည်း သူမလိုမျိုး မပြေလည်ပဲ
ရုန်းကန်နေရတဲ့သူတစ်ယောက် ဖြစ်တာကြောင့်
အွန်လိုင်းပေါ်ကို တင်ပြီး အရှက်မခွဲချင်ပါဘူး
ဆိုပြီးတော့ သူမရဲ့ ဆိုရှယ်မီဒီယာကနေ
တဆင့်မျှဝေလာပါတယ်။
ဪ.. လူရင်းက ထိုးသွားတဲ့
ဓားဆိုတော့လည်း နက်ရှာမှာပေါ့လေ
နော်.. ပရိတ်သတ်ကြီး
Zawgyi Version
သိကြမှာပါ။
ဖြစ်ပါတယ်။
ဆိုပါတယ်။
တဆင့်မျှဝေလာပါတယ်။
ဪ.. လူရင်းက ထိုးသွားတဲ့
နော်.. ပရိတ်သတ်ကြီး