ရွှေမန်းမြို့ကို နွေဦးတော်လှန်ရေး မြို့ပြပြောက်ကျားများ တစ်ဖွဲ့ပြီးတစ်ဖွဲ့စွန့်ခွာနေကြရတဲ့ စိုးရိမ်စရာ အခြေအနေ

 

မြို့ပေါ်မှာ နေထိုင်ဖို့ ခက်ခဲလာတာကြောင့် မန္တလေးမြို့ကို စွန့်ခွာမယ်လို့ ကြေညာတဲ့ မြို့ပြပြောက်ကျား ၃ ဖွဲ့ရှိလာပြီဖြစ်ပါတယ်။

Dragon Warrior၊ အနက်ရောင်သေမင်းနဲ့ Myanmar Revolution Rangers Force တို့ဟာ မန္တလေးမြို့ကို စွန့်ခွာပြီလို့ အသီးသီးကြေညာခဲ့ကြတာပါ။

“ကျွန်ုပ်တို့ တော်လှန်ရေးရဲဘော်များနှင့် ပူးပေါင်းပါဝင်မှုအားနည်းလှတဲ့ မန္တလေးမြို့ကြီးမှာ ဆက်လက်၍ တော်လှန်နေလည်း မထူးတော့ပြီမို့ နာကျင်စွာနဲ့ နှုတ်ဆက်ခဲ့လေပြီ” လို့ Myanmar Revolution Rangers Force က မေလ ၅ ရက်က ထုတ်ပြန်ပါတယ်။

Dragon Warrior အဖွဲ့ကလည်း “ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူ များနေတော့ ကျနော်တို့အဖွဲ့ မြို့ပေါ်ကနေစွန့်ခွာသွားပါပြီ။ မန်းသူ မန်းသားများ စိတ်အေးချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့နေခဲ့ကြပါတော့။ မန်းမြို့ပေါ်မှာ ကျနော်တို့တွေ ဘယ်လိုမှ နေလို့ရတဲ့ အခြေအနေမဟုတ်တဲ့အတွက် မန်းမြို့ကြီးကို စွန့်ခွာသွားရပေမဲ့ တချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကိုပြန်လာခဲ့ချင်ပါသေးတယ်” လို့ မေလ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Dragon Warrior ဟာ အစောဆုံးဖွဲ့ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေထဲမှာ အပါအဝင်ဖြစ်ပြီး လှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေတဲ့အဖွဲ့ဖြစ်ပါတယ်။

အနက်ရောင်သေမင်းအဖွဲ့ကတော့ သူတို့ရဲ့ လူမှုကွန်ရက်မှာတင်ထားခဲ့တဲ့ ထုတ်ပြန်ချက်ကို ပြန်ဖျက်ထားပေမယ့် မန္တလေးမြို့က ထွက်ခွာသွားပြီလို့ ကြေညာထားတဲ့ Dragon Warrior၊ Y.G.N/(Burmese Rangers Army-Local Pdf) တို့နဲ့ တရားဝင်ပူးပေါင်းပြီး မဟာမိတ် ဖွဲ့စည်းလိုက်တယ်လို့ ကြေညာပါတယ်။

မန္တလေးမြို့က တော်လှန်ရေးသမားတွေနဲ့ နီးစပ်သူတယောက်က “အိမ်ငှားဖို့ကလည်း တော်တော် ခက်လာတာကို တွေ့ရတယ်။ ဒီအလုပ်လုပ်နေသူတွေမှန်းသိရင် မငှားချင်ကြတာ။ ဧည့်စာရင်း တိုင်ခိုင်းတာမျိုးတွေရှိတယ်။ ဧည့်စာရင်းတိုင်ဖို့မလိုတဲ့ နေရာတွေ ဆိုရင်လည်း ငှားခက အများကြီး ပေးရတယ်။ တခြားမြို့တွေမှာလည်း မငှားချင်ကြတာတွေ ရှိချင်ရှိမှာပေါ့။ ဒါက မန္တလေးမှာကြုံရတာကို ပြောတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်နေ့က မြစ်ငယ် PDF က ဒဏ်ရာရရဲဘော်တယောက်နဲ့အတူ အဖွဲ့ဝင် ၅ ယောက်ဟာ မန္တလေးမြို့က တည်းခိုခန်းတခုမှာ တည်းခိုနေတုန်း စစ်တပ်က သတင်းရပြီး ဝင်ရောက်ဖမ်းဆီးချိန် တော်လှန်ရေးရဲဘော်တွေက ပြန်ခုခံရင်း ၅ လောက်လုံး ကျဆုံးခဲ့ပါတယ်။

 

ေရႊမန္းၿမိဳ႕ကို ေႏြဦးေတာ္လွန္ေရး ၿမိဳ႕ျပေျပာက္က်ားမ်ား တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕စြန႔္ခြာေနၾကရတဲ့ စိုးရိမ္စရာ အေျခအေန

ၿမိဳ႕ေပၚမွာ ေနထိုင္ဖို႔ ခက္ခဲလာတာေၾကာင့္ မႏၲေလးၿမိဳ႕ကို စြန႔္ခြာမယ္လို႔ ေၾကညာတဲ့ ၿမိဳ႕ျပေျပာက္က်ား ၃ ဖြဲ႕ရွိလာၿပီျဖစ္ပါတယ္။

Dragon Warrior၊ အနက္ေရာင္ေသမင္းနဲ႔ Myanmar Revolution Rangers Force တို႔ဟာ မႏၲေလးၿမိဳ႕ကို စြန႔္ခြာၿပီလို႔ အသီးသီးေၾကညာခဲ့ၾကတာပါ။

“ကၽြန္ုပ္တို႔ ေတာ္လွန္ေရးရဲေဘာ္မ်ားႏွင့္ ပူးေပါင္းပါဝင္မွုအားနည္းလွတဲ့ မႏၲေလးၿမိဳ႕ႀကီးမွာ ဆက္လက္၍ ေတာ္လွန္ေနလည္း မထူးေတာ့ၿပီမို႔ နာက်င္စြာနဲ႔ ႏွုတ္ဆက္ခဲ့ေလၿပီ” လို႔ Myanmar Revolution Rangers Force က ေမလ ၅ ရက္က ထုတ္ျပန္ပါတယ္။

Dragon Warrior အဖြဲ႕ကလည္း “ကိုယ့္မထိသေရြ႕ ေတာ္လွန္ေရးဟာ ကိုယ္နဲ႔မဆိုင္သလိုေနၾကတဲ့သူ မ်ားေနေတာ့ က်ေနာ္တို႔အဖြဲ႕ ၿမိဳ႕ေပၚကေနစြန႔္ခြာသြားပါၿပီ။ မန္းသူ မန္းသားမ်ား စိတ္ေအးခ်မ္းသာစြာ မန္းၿမိဳ႕ႀကီးမွာ စစ္ကၽြန္ဘဝနဲ႔ေနခဲ့ၾကပါေတာ့။ မန္းၿမိဳ႕ေပၚမွာ က်ေနာ္တို႔ေတြ ဘယ္လိုမွ ေနလို႔ရတဲ့ အေျခအေနမဟုတ္တဲ့အတြက္ မန္းၿမိဳ႕ႀကီးကို စြန႔္ခြာသြားရေပမဲ့ တခ်ိန္မွာ ေအာင္ပြဲေတြနဲ႔အတူ မန္းၿမိဳ႕ႀကီးဆီကိုျပန္လာခဲ့ခ်င္ပါေသးတယ္” လို႔ ေမလ ၄ ရက္မွာ ထုတ္ျပန္ထားပါတယ္။

Dragon Warrior ဟာ အေစာဆုံးဖြဲ႕ခဲ့တဲ့ မႏၲေလးၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ေတြထဲမွာ အပါအဝင္ျဖစ္ၿပီး လွုပ္ရွားမွုေတြ ဆက္တိုက္ရွိေနတဲ့အဖြဲ႕ျဖစ္ပါတယ္။

အနက္ေရာင္ေသမင္းအဖြဲ႕ကေတာ့ သူတို႔ရဲ့ လူမွုကြန္ရက္မွာတင္ထားခဲ့တဲ့ ထုတ္ျပန္ခ်က္ကို ျပန္ဖ်က္ထားေပမယ့္ မႏၲေလးၿမိဳ႕က ထြက္ခြာသြားၿပီလို႔ ေၾကညာထားတဲ့ Dragon Warrior၊ Y.G.N/(Burmese Rangers Army-Local Pdf) တို႔နဲ႔ တရားဝင္ပူးေပါင္းၿပီး မဟာမိတ္ ဖြဲ႕စည္းလိုက္တယ္လို႔ ေၾကညာပါတယ္။

မႏၲေလးၿမိဳ႕က ေတာ္လွန္ေရးသမားေတြနဲ႔ နီးစပ္သူတေယာက္က “အိမ္ငွားဖို႔ကလည္း ေတာ္ေတာ္ ခက္လာတာကို ေတြ႕ရတယ္။ ဒီအလုပ္လုပ္ေနသူေတြမွန္းသိရင္ မငွားခ်င္ၾကတာ။ ဧည့္စာရင္း တိုင္ခိုင္းတာမ်ိဳးေတြရွိတယ္။ ဧည့္စာရင္းတိုင္ဖို႔မလိုတဲ့ ေနရာေတြ ဆိုရင္လည္း ငွားခက အမ်ားႀကီး ေပးရတယ္။ တျခားၿမိဳ႕ေတြမွာလည္း မငွားခ်င္ၾကတာေတြ ရွိခ်င္ရွိမွာေပါ့။ ဒါက မႏၲေလးမွာၾကဳံရတာကို ေျပာတာပါ” လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၃ ရက္ေန႔က ျမစ္ငယ္ PDF က ဒဏ္ရာရရဲေဘာ္တေယာက္နဲ႔အတူ အဖြဲ႕ဝင္ ၅ ေယာက္ဟာ မႏၲေလးၿမိဳ႕က တည္းခိုခန္းတခုမွာ တည္းခိုေနတုန္း စစ္တပ္က သတင္းရၿပီး ဝင္ေရာက္ဖမ္းဆီးခ်ိန္ ေတာ္လွန္ေရးရဲေဘာ္ေတြက ျပန္ခုခံရင္း ၅ ေလာက္လုံး က်ဆုံးခဲ့ပါတယ္။