လူတွေမေ့လျော့ခံဘဝရောက်ရှိသွားပြီဖြစ်တဲ့ ဒိတ်ဒိတ်ကြဲ စူပါမင်းသားဒွေးရဲ့ ( ၅၆) နှစ်ပြည့်မွေးနေ့

ပရိသတ်ကြီး‌ရေ …. ဒီကနေ့ဟာ နိုင်ငံကျော် အကယ်ဒမီ ဒွေး ရဲ့ မွေးနေ့ လေး ဖြစ်ပါတယ်။ မိတ်ကပ်တွေ ခြယ်သမှုတွေမပါတဲ့ ပကတိ အကြမ်းစား ရုပ်သွင် နဲ့ သဘာဝမင်းသား အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲကို အမိုက်စားသရုပ်ဆောင်ချက်တွေ ပေးတတ်တဲ့ အနုပညာရှင် ဖြစ်တာ ကြောင့် ၉၀ခုနှစ် ပတ်ချာလည်မှာ ပြိုင်ဘက်မရှိတဲ့ စူပါတန်းဝင်မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။

 


ဒွေးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့ ရန်ကုန်မြို့တွင် မွေးဖွားပြီး မွေးချင်းများအနက် သားဦး ဖြစ်သည်။ အမည်ရင်းမှာ ထင်လင်း (ခ) သားကြီး ဖြစ်သည်။ ထင်လင်း (ခေါ်) ဒွေးသည် Y.I.T မှ လျှပ်စစ်အင်ဂျီနီယာဘွဲ့ရထားသူ တစ်ယောက် ဖြစ်ပါတယ်။ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက် ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်အခြေချခဲ့သည်။ သရုပ်ဆောင်လောကထဲသို့ မဝင်မီက အဆိုတော် ဖြစ်ချင်ခဲ့တာပါ ။ မမျှော်လင့်ဘဲ ဦးလေးဖြစ်သူသရုပ်ဆောင် ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက် ဖြစ်ခဲ့သည်။ ရုပ်ရှင်လောကထဲသို့ နာမည်ရင်း ထင်လင်းအမည်နှင့် ပထမဆုံး ဝင်ရိုက်ခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ကျော်ဟိန်း၏ ဒုက္ခကို အရောင်ဆိုးတယ် အမည်ရှိ မူးယစ်ဆေးဝါးပညာပေး ဗီဒီယိုကားနှင့် ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ကားမှာ ပရိသတ်အသိများပြီး စတင်အောင်မြင်ခဲ့ပါတယ်။

 

 

အကယ်ဒမီ ဒွေးသည် နှလုံးရောဂါနှင့် ၂၀၀၇ခု၊ ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် ညနေ (၅) နာရီ၌၊အမှတ် (၃၄) (စီ)၊ အေးသာယာလမ်း၊ ဘောက်ထော် နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ရှိပြီ ဖြစ်သည်။ဇူလိုင် ၁၃ရက် မနက် ၄နာရီ၌ နေအိမ်တွင် ပင့်သံဃာတော် အရှင်သူမြတ်များထံမှ သီလခံယူကာ ရေစက်ချအမျှဝေခဲ့သည်။ ထို့နောက် မနက် ၅:၀၀ နာရီတွင် ရေဝေးအအေးတိုက် မှတစ်ဆင့် ရေဝေးသုဿန်တွင် မီးသဂြိုဟ်ခဲ့သည်။ ဒွေး၏အရိုးပြာကို ပြန်လည်သယ်ဆောင်ကာ ချောင်းဝဘုန်းကြီးကျောင်း၌ လွမ်းစေတီတည်ခဲ့သည်။ကိုသားကြီး (ခ) ဒွေး၏ ပုံတူ ရုပ်တုနှင့် သူရရှိခဲ့သော အကယ်ဒမီရွှေစင်ဆုကို သူဆောက်လုပ်လှူဒါန်းခဲ့သော ချောင်းဝဘုန်းကြီးကျောင်းရှိ အကယ်ဒမီကျောင်း၌ အမှတ်တရထားရှိထားသည်။မကွယ်လွန်မီ နောက်ဆုံးရိုက်လက်စ ကားမှာ ဒါရိုက်တာ ချိုတူးဇော် ရိုက်သည့် ကမ္ဘာတစ်ခြမ်းညဆိုသည့် ဇာတ်ကားဖြစ်ပါတယ်။ နှစ်တွေကြာခဲ့ပေမယ့်လည်း ဒွေးရဲ့ ပီပြင်တဲ့ အနုပညာမှတ်တိုင်တွေ ကတော့ ဆက်လက်ရှိနေဆဲပါ ။
ကိုသားကြီးရဲ့ မွေးနေ့လေး မှာ ကိုသားကြီးကို အမှတ်တရ ရှိဆဲ ပရိသတ်လေးတွေက မှတ်ချက်လေးတွေပေးခဲ့ကြပါဦး…။

Cလေး

ပရိသတ္ႀကီး‌ေရ …. ဒီကေန႔ဟာ နိုင္ငံေက်ာ္ အကယ္ဒမီ ေဒြး ရဲ့ ေမြးေန႔ ေလး ျဖစ္ပါတယ္။ မိတ္ကပ္ေတြ ျခယ္သမွုေတြမပါတဲ့ ပကတိ အၾကမ္းစား ႐ုပ္သြင္ နဲ႔ သဘာဝမင္းသား အျဖစ္ ပရိသတ္ေတြရဲ့ ရင္ထဲကို အမိုက္စားသ႐ုပ္ေဆာင္ခ်က္ေတြ ေပးတတ္တဲ့ အႏုပညာရွင္ ျဖစ္တာ ေၾကာင့္ ၉၀ခုႏွစ္ ပတ္ခ်ာလည္မွာ ၿပိဳင္ဘက္မရွိတဲ့ စူပါတန္းဝင္မင္းသားတစ္လက္ျဖစ္ခဲ့ပါတယ္။

ေဒြးကို အဖ ဦးတင္ထြန္းေမာင္ႏွင့္ အမိ ေဒၚေအးေအးသင္းတို႔ ရန္ကုန္ၿမိဳ႕တြင္ ေမြးဖြားၿပီး ေမြးခ်င္းမ်ားအနက္ သားဦး ျဖစ္သည္။ အမည္ရင္းမွာ ထင္လင္း (ခ) သားႀကီး ျဖစ္သည္။ ထင္လင္း (ေခၚ) ေဒြးသည္ Y.I.T မွ လၽွပ္စစ္အင္ဂ်ီနီယာဘြဲ႕ရထားသူ တစ္ေယာက္ ျဖစ္ပါတယ္။ လၽွပ္စစ္အင္ဂ်င္နီယာတစ္ေယာက္ ျဖစ္ေသာ ေဒြးသည္ ဘြဲ႕မရခင္ကတည္းက အႏုပညာေလာကထဲသို႔ စတင္အေျခခ်ခဲ့သည္။ သ႐ုပ္ေဆာင္ေလာကထဲသို႔ မဝင္မီက အဆိုေတာ္ ျဖစ္ခ်င္ခဲ့တာပါ ။ မေမၽွာ္လင့္ဘဲ ဦးေလးျဖစ္သူသ႐ုပ္ေဆာင္ ဦးေက်ာ္ဟိန္းေၾကာင့္ ႐ုပ္ရွင္ရိုက္ ျဖစ္ခဲ့သည္။ ႐ုပ္ရွင္ေလာကထဲသို႔ နာမည္ရင္း ထင္လင္းအမည္ႏွင့္ ပထမဆုံး ဝင္ရိုက္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ေဒြးအမည္သို႔ေျပာင္းကာ ၁၉၉၃ ခုႏွစ္တြင္ ဒါရိုက္တာ ေက်ာ္ဟိန္း၏ ဒုကၡကို အေရာင္ဆိုးတယ္ အမည္ရွိ မူးယစ္ေဆးဝါးပညာေပး ဗီဒီယိုကားႏွင့္ ေဝလည္းေမႊး၊ ေႂကြလည္းေမႊး ႐ုပ္ရွင္ကားမွာ ပရိသတ္အသိမ်ားၿပီး စတင္ေအာင္ျမင္ခဲ့ပါတယ္။

အကယ္ဒမီ ေဒြးသည္ ႏွလုံးေရာဂါႏွင့္ ၂၀၀၇ခု၊ ဇူလိုင္ ၁၁ ရက္ (ဗုဒၶဟူးေန႔) တြင္ ညေန (၅) နာရီ၌၊အမွတ္ (၃၄) (စီ)၊ ေအးသာယာလမ္း၊ ေဘာက္ေထာ္ ေနအိမ္တြင္ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့ေလသည္။ ကြယ္လြန္ခ်ိန္တြင္ ေဒြးသည္ အသက္ (၄၂) ႏွစ္ရွိၿပီ ျဖစ္သည္။ဇူလိုင္ ၁၃ရက္ မနက္ ၄နာရီ၌ ေနအိမ္တြင္ ပင့္သံဃာေတာ္ အရွင္သူျမတ္မ်ားထံမွ သီလခံယူကာ ေရစက္ခ်အမၽွေဝခဲ့သည္။ ထို႔ေနာက္ မနက္ ၅:၀၀ နာရီတြင္ ေရေဝးအေအးတိုက္ မွတစ္ဆင့္ ေရေဝးသုႆန္တြင္ မီးသၿဂိဳဟ္ခဲ့သည္။ ေဒြး၏အရိုးျပာကို ျပန္လည္သယ္ေဆာင္ကာ ေခ်ာင္းဝဘုန္းႀကီးေက်ာင္း၌ လြမ္းေစတီတည္ခဲ့သည္။ကိုသားႀကီး (ခ) ေဒြး၏ ပုံတူ ႐ုပ္တုႏွင့္ သူရရွိခဲ့ေသာ အကယ္ဒမီေရႊစင္ဆုကို သူေဆာက္လုပ္လွူဒါန္းခဲ့ေသာ ေခ်ာင္းဝဘုန္းႀကီးေက်ာင္းရွိ အကယ္ဒမီေက်ာင္း၌ အမွတ္တရထားရွိထားသည္။မကြယ္လြန္မီ ေနာက္ဆုံးရိုက္လက္စ ကားမွာ ဒါရိုက္တာ ခ်ိဳတူးေဇာ္ ရိုက္သည့္ ကမၻာတစ္ျခမ္းညဆိုသည့္ ဇာတ္ကားျဖစ္ပါတယ္။ ႏွစ္ေတြၾကာခဲ့ေပမယ့္လည္း ေဒြးရဲ့ ပီျပင္တဲ့ အႏုပညာမွတ္တိုင္ေတြ ကေတာ့ ဆက္လက္ရွိေနဆဲပါ ။
ကိုသားႀကီးရဲ့ ေမြးေန႔ေလး မွာ ကိုသားႀကီးကို အမွတ္တရ ရွိဆဲ ပရိသတ္ေလးေတြက မွတ္ခ်က္ေလးေတြေပးခဲ့ၾကပါဦး…။

Cေလး