ဖြူစင်ရိုးသားတဲ့အပြုံးလေးတွေနဲ့ ချစ် စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့
ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေးသဇင်ထူးမြင့်ကတော့
လတ်တလောမှာရေပန်းစားအောင် မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။
သဇင်ထူးမြင့်က မိဘအပေါ်ကိုလည်း သိတတ်လိမ္မာတဲ့ သမီးလေးဖြစ်တဲ့အပြင်
ဖေဖေခင်လှိုင်တစ်ယောက်ကလည်း အခုချိန်ထိသမီးလေးအပေါ်ကို
အပြည့်အဝအားပေးကာ ဂရုစိုက်ပေးနေတာလည်းဖြစ်ပါတယ်။
သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။
လတ်တလောမှာလည်း ပန်းလေးတွေနဲ့ အလှဆင် ဖန်တီးပုံဖော်ကာ
အမိုက်စားရိုက်ထားတဲ့ ပုံလေးတွေကို ဝေမျှထားတာတွေ့ရပါတယ် ။
ပုံတိုင်းက အခါခါပြန်ကြည့်ချင်ရလောက်အောင် လှရက်လွန်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်
Credit
zawgyi
Credit