ဝဋ်ဆိုတာ လည်တတ်တယ်လို့ သက်သက်ကို ဒဲ့ပြောလိုက်တဲ့ နန်းစန္ဒာလှထွန်း

“‌ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဆိုတဲ့

ဒရမ်မာ စီးရီးလေးမှာ သက်သက်နေရာကနေ သရုပ်ဆောင်ထားတဲ့

မင်းသမီးလေး နန်းစန္ဒာလှထွန်းတစ်ယောက်ကတော့ သက်သက်ကို

ဝဋ်ဆိုတာလည်တတ်တယ် ဆိုပြီးတော့ ဒဲ့ပြောလိုက်ပါတယ်။

အဲ့ဒီ့ ဒရမ်မာစီးရီးထဲမှာ သက်သက်ဆိုတဲ့

မိန်းကလေးတစ်ယောက်ကတော့ အိမ်ထောင်ရှိ အမျိုးသားကို

မြူစွယ်ပြီး သူတစ်ပါးအသိုက်အမြုံကို ဖျက်ဆီးမယ့် လုပ်ရပ်ကို

လုပ်တော့မှာ ဖြစ်တာကြောင့် အခုလို ပြောလိုက်တာဘဲ ဖြစ်ပါတယ်။

သူတစ်ပါး အသိုက်အမြုံကို ဖျက်ဆီးတဲ့ အမျိုးသမီးတွေဟာ

ဘယ်သောအခါမှ ပျော်စရာကောင်းတဲ့ ဘဝကို ရရှိမှာ မဟုတ်ပါဘူး။

အဲ့ဒါကြောင့် “သက်သက်တစ်ယောက် နောက်ပိုင်းမှာ

အခုလို ရယ်မောနိုင် ပါ့မလား… ဝဋ်ဆိုတာလည်တတ်တယ်တဲ့”

ဆိုပြီးတော့ သက်သက်ကို ဒဲ့သတိပေး လိုက်တာဘဲဖြစ်ပါတယ်။

#NanSandarHlaHtun #MM-CeleNew

Zawgyi Version












