
သဘင်သည် မြနှင်းဆီ ဇာတ်ကားမှာ အဖမဲ့သား လင်းထက်အဖြစ် သရုပ်ဆောင်မယ့် အာဗြဲမ
ဆိုရှယ် စာမျက်နှာ ပေါ်မှာ ပါးစပ်ပြဲပြဲ
နှုတ်ခမ်းထော်ထော်နဲ့ အမြဲတမ်း ပြည်သူတွေကို
ဟာသရွှင်သွေး တိုက်ကျွေးလေ့ရှိတဲ့
ကောင်းထက်ပိုင် (အာဗြဲမ) တစ်ယောက်ကတော့
သဘင်သည် မြနှင်းဆီ ဆိုတဲ့ သရဲကားမှာ
ပါဝင် သရုပ်ဆောင် သွားမှာပါ။
သူတို့ သားအမိ နှစ်ယောက်ကို အမြဲတမ်း
နှိပ်စက် နေတဲ့ ပုထွေးရဲ့ လက်အောက်မှာ နေရတဲ့
လင်းထက် ဆိုတဲ့ ဇာတ်ကောင်နေရာကနေ
သရုပ်ဆောင် သွားမှာပါ။
ပထွေးအပေါ်မှာ ကျန်ရှိနေတဲ့ အကြွေးတွေကို
အကျေဆပ်ပြီး မိမိရဲ့ မိခင်ကို ကယ်ထုတ်နိုင်
ဖို့အတွက် သရဲအလွန် ခြောက်တဲ့
သဘင်သည် မြနှင်းဆီရဲ့ နေအိမ်မှာ
အသက်ရှင် အောင်နေပြီး ဆုငွေ ရနိုင်ပါ့မလား…
ဆိုတာကို ရင်ခုန်စိတ် လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပါ။
ကဲကဲ … ကောင်းထက်ပိုင် (အာဗြဲမ) တစ်ယောက်
လင်းထက် ကာရိုက်တာကို ဘယ်လို သရုပ်ဆောင်မလဲ
ဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်နော်။
သဘင်သည် မြနှင်းဆီ ဗီဒီယို ကြည့်ရန်
https://fb.watch/e0VVVy7gYi/
Zawgyi Version
သဘင္သည္ ျမႏွင္းဆီ ဇာတ္ကားမွာ အဖမဲ့သား လင္းထက္အျဖစ္ သ႐ုပ္ေဆာင္မယ့္ အာၿဗဲမ
ဆိုရွယ္ စာမ်က္ႏွာ ေပၚမွာ ပါးစပ္ၿပဲၿပဲ
ႏႈတ္ခမ္းေထာ္ေထာ္နဲ႔ အၿမဲတမ္း ျပည္သူေတြကို
ဟာသ႐ႊင္ေသြး တိုက္ေကြၽးေလ့ရွိတဲ့
ေကာင္းထက္ပိုင္ (အာၿဗဲမ) တစ္ေယာက္ကေတာ့
သဘင္သည္ ျမႏွင္းဆီ ဆိုတဲ့ သရဲကားမွာ
ပါဝင္ သ႐ုပ္ေဆာင္ သြားမွာပါ။
သူတို႔ သားအမိ ႏွစ္ေယာက္ကို အၿမဲတမ္း
ႏွိပ္စက္ ေနတဲ့ ပုေထြးရဲ႕ လက္ေအာက္မွာ ေနရတဲ့
လင္းထက္ ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန
သ႐ုပ္ေဆာင္ သြားမွာပါ။
ပေထြးအေပၚမွာ က်န္ရွိေနတဲ့ အေႂကြးေတြကို
အေက်ဆပ္ၿပီး မိမိရဲ႕ မိခင္ကို ကယ္ထုတ္ႏိုင္
ဖို႔အတြက္ သရဲအလြန္ ေျခာက္တဲ့
သဘင္သည္ ျမႏွင္းဆီရဲ႕ ေနအိမ္မွာ
အသက္ရွင္ ေအာင္ေနၿပီး ဆုေငြ ရႏိုင္ပါ့မလား…
ဆိုတာကို ရင္ခုန္စိတ္ လႈပ္ရွားဖြယ္ ေစာင့္ၾကည့္ရမွာပါ။
ကဲကဲ … ေကာင္းထက္ပိုင္ (အာၿဗဲမ) တစ္ေယာက္
လင္းထက္ ကာ႐ိုက္တာကို ဘယ္လို သ႐ုပ္ေဆာင္မလဲ
ဆိုတာကို အတူတူ ၾကည့္လိုက္ၾကရေအာင္ေနာ္။
သဘင္သည္ ျမႏွင္းဆီ ဗီဒီယို ၾကည့္ရန္
https://fb.watch/e0VVVy7gYi/