
ချမ်းချမ်းဆိုတာနဲ့ပရိသတ်တွေအမြဲချစ်နေရတဲ့သူပါ။
ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုဖြတ်သန်းနေတာပါ။
သူတို့မိသားစုလေးကိုကြည့်ပြီးပရိသတ်တွေကလည်းချစ်မဝဖြစ်နေရတာပါ။
ဒီရက်ပိုင်းမှာတော့ သူ့သမီးလေးတွေ ကျောင်းတက်ဖို့ကိစ္စတွေ ခင်ပွန်းဖြစ်သူသူငယ်ချင်းရဲ့မင်္ဂလာဆောင်ကိစ္စနဲ့ရှုပ်နေခဲ့တာပါ။
အခုမှာလည်း သူရောက်ခဲ့တဲ့မဂ်လာပွဲလေးအကြောင်းပြောပြခဲ့တာပါ။ သိပ်ကို လှပတဲ့ မဂ်လာဆောင်လေး။
ဘုရားကျောင်းဆောင်မှာ လက်ထပ်ပြီး ညနေ ကျတော့ ဝိုင်ခြံကြီးထဲမှာ ဧည့်သည်တွေကို ညစာနဲ့ဧည့်ခံကျွေးမွေးတယ်။
အမျိုးသားနဲ့ ခင်မင်တာ ၁၀နှစ်ကျော်မို့ အချစ်ရဆုံးတွေပေါ့။
ဧည့်ပရိတ်သတ်တယောက်ချင်းစီကို တန်ဖိုးထားတဲ့အနေနဲ့ ထိုင်တဲ့နေရာလေးတွေက အစ နာမည်လေးတွေတယောက်ချင်းစီကို အသေးစိတ် ရေးထိုးပေးထားတယ်။ဝိုင်ခြံကြီးက ကျယ်လွန်းလို့ အဆုံး အစကို တောင်မမြင်နိုင်လောက်အောင် တောင်တန်းတွေနဲ့ အပြည့် စိုက်ပျိုးထားတာ အားရစရာ။
သိပ်ကို ကံကောင်းတွဲစုံတွဲလေး။ မျိုးရိုးကလဲ နပိုလီယံပိုနာပက်ရဲ့ သူရဲကောင်းမျိုးဆက်ဖြစ်သလို ကြွယ်ဝချမိးသာကြပေမဲ့ အောက်ခြေမလွတ် အေးချမ်းစွာနေထိုင်တတ်တဲ့သူတို့ရဲ့ အကျင့်လေးတွေ နွေးထွေးလွန်းလှတယ်။
ကမ္ဘာ အရပ်ရပ်က ဧည့်သည်တွေ အကုန်လာကြတာမို့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကိုလဲတွေ့ရတယ်။
ဧည့်သည်တွေမရိုးအီရအောင် ဥရောပ အစားစာ ဂျပန်အစားစာ အကင် မျိုးစုံ ဖျော်ရည် ယမကာ ဝိုင် မျိုးစုံနဲ့ အချိုပွဲ စုံလွန်းလို့ မစားနိုင်လောက်အောင်ပဲ။
တေးဂီတဆိုလဲ unplugged လေးနဲ့ ငြိမ့်ငြိမ့်လေး။
wine tasting အခန်းမှာဆိုလဲ သူတို့ရဲ့ထွက်ကုန်တွေကို ပြသထားပြီး အကောင်းဆုံးသော ဒေသ ထွက် cheese မျိုးစုံနဲ့ အသားပေါင်းစုံကို မြည်းစမ်းခွင့်ရတယ်။
မဂ်လာကိတ်ကို ည ၁၂နာရီမှာခွဲ မီးပန်းတွေဖောက်ပြီးတော့ မနက် ၄နာရှအထိ bar opening လုပ်ပေးပြီးကြိုက်သလောက်စား ကြိုက်သလောက်သောက်ကြနဲ့ အရမ်းကို ပျော်စရာကောင်ူပြီး ပန်းတွေနဲ့ မွှေးကြိုင်နေတဲ့မဂ်လာပွဲ။
သတိုးသားသတိုးသမီးကလဲ တအားဖော်ရွေးပီးချစ်စရာကောင်းကြတယ်။
ဘုရားသခင်ရဲ့ကောင်းချီးမဂ်လာတွေ ယနေ့မှ စ နှစ်တစိရာတိုင်ခိုင်မြဲပျော်ရွှင်ပါစေလို့ရင်နဲ့ အမျှ ဆုတောင်းပေးပါတယ်ဆိုပြီးပြောပြခဲ့တာပါ။