
ချမ်းချမ်းဆိုတာတဲ့ချစ်စရာသမီးလေးနှစ်ယောက်နဲ့တူတူပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားတာပါ။
ခင်ပွန်းဖြစ်သူရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်လည်းပျော်ရွှင်စရာအိမ်ထောင်ရေးလေးပိုင်ဆိုင်ထားတာပါ။
အခုမှာတော့သူမဟာနောက်ထပ်ရင်သွေးလေးကိုလွယ်ထားရတာပါ။
ကိုယ်ဝန်ဆောင်ချိန်လေးမှာလည်းစားချင်တာလေးရှာပေးတဲ့ခင်ပွန်းအကြောင်းလေးကိုခုလိုပြောပြခဲ့တာပါ။
မေမေဗိုကိ ချဉ်ခြင်းတက်တာ အထူးအဆန်းတော့မဟုတ်ပါဘူး
ကိုယ်ဝန် ၂လကျော် ရှိပီမို့ အကုန်စားချင်နေတော့နာ အထူးသဖြင့် အာရှ အစားအစာတွေပေါ့နော်။
ဒါပေမဲ့ကိုယ်စားချင်တာလေးက လွယ်လွယ်ကူကူရှာမရတော့ စိတ်မကောင်းဖြစ်မိတယ်။
ဒီခေါက်ဆွဲလေးတထုပ်စားရဖို့ မနည်းရှာရတယ်။အမျိုးသားက ဘာစားချင်လဲလို့မေးတော့အားလဲနာ ဒါပေမဲ့စားချင်နေတာ တော်တော်ကြာပီ လူကြုံလဲ မှာရတာ အားနာတာနဲ့ မှာပေးပါလားလို့မေးတော့ Amazon ကနေဝယ်ပေးရှာတယ်အရင်ကဆို
ရန်ကုန်အိမ်လမ်းထိပ်မှာ တထုပ် ၂၀၀ပေးဝယ်စားရတာ အခုတော့ တိုင်တွေပတ်လို့1ထုပ်ကို
တပတ်တကြိမ်စားပေါ့မိန်းမရယ်တဲ့ ပစ္စည်းကရှာရခက်လို့တဲ့ ငိုရမလိုရီရမလိုနဲ့ စောဒကလဲ မတက်ရဲပါဘူးအလုအယက်ဝယ်ရတာ
ပစ္စည်းပြတ်သွားလို့နောက်တကြီမ်ဘယ်တော့မှပြန်ဝယ်လို့ရမယ်မသိဒါတောင် ၈ထုပ်ပဲရလိုက်တယ်ဆိုပြီးပြောပြခဲ့တာပါ။