
ပိုးအိအိခန့်ဆိုတာနဲ့ပရိသတ်တွေချစ်နေရသူတစ်ယောက်ဖြစ်ပါတယ်။
သူမကတော့ပြည်သူ့အချစ်တော်အောင်သူနဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။
သူမကလည်းအနုပညာအလုပ်တွေလုပ်ချိန်ကတည်းကပရိသတ်တွေချစ်ပြီးအားပေးနေရဖြစ်ပါတယ်။
သူမဟာခုချိန်မှာ ခင်ပွန်းဖြစ်သူဘောလုံးကစားရာ ထိုင်းနိုင်ငံမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာမိသားစုလိုက်ပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာပါ
လူမှုကွန်ရက်ကနေလည်းမိသားစုပုံရိပ်လေးတွေကိုလူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။
အခုမှာတော့ သားလေးကိုမိခင်နို့တိုက်တဲ့အမှတ်တရနေ့လေးအကြောင်းပြောခဲ့တာပါ။
Happy World Breastfeeding Week တဲ့တိုက်နိုင်သလောက်ထိ တိုက်ခွင့်ရခဲ့တဲ့ နေ့လေးတွေ အဲ့ရက်လေးတွေတုန်းက အရမ်းပီတိဖြစ်ခဲ့ရတယ်မတိုက်နိုင်တော့တဲ့ အချိန်မှာလည်း ငိုခဲ့ရတာ နို့တိုက်မိခင် ဖြစ်ချင်လွန်းလို့ဘာပဲဖြစ်ဖြစ် မိခင် ဖြစ်ခွင့်ပေးတဲ့ မေ့သားလေးရေ ကျေးဇူးတင်ပါတယ် ဆိုပြီးပြောပြခဲ့တာပါ။