
ပရိသတ်ကြီးရေ အဆိုတော်ချမ်းချမ်းကတော့ လက်ရှိမှာ ဩစတေးလျနိုင်ငံတွင် ဖျော်ဖြေရေးအတွက် ရောက်ရှိနေတာ ဖြစ်ပါတယ်။
သူမဟာ တတိယမြောက်ကိုယ်ဝန်ကို လွယ်ထားရနေပေမယ့်လည်း တော်လှန်ရေးရန်ပုံငွေအတွက် တက်ကြွစွာ အားထုတ်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ချမ်းချမ်းဟာ သူမရဲ့သမီးလေးနှစ်ယောက်ကိုလည်း အသည်းတုန်မတတ် ချစ်လွန်းသူတစ်ယောက် ဖြစ်ပါတယ်။
မကြာသေးခင်က ချမ်းချမ်းရဲ့ tik tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ သီချင်းဆိုပြနေတာကို လက်ခုတ်လေးတီးပြီး အားပေးနေတဲ့ သမီးလေးကို ဗီဒီယိုလေးရိုက်ပြီး ချစ်မဝဖြစ်နေတာ ဖြစ်ပါတယ်။
ပီလာလေးတစ်ယောက် မေမေသီချင်းဆိုနေတာကိုကြည့်ပြီး အရမ်းကို ပျော်ရွှင်နေတာ ဖြစ်ပါတယ်။
ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုအားပေးနိုင်အောင် ပီလာလေးရဲ့ဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။