သူမထက် အသက်ငယ်တဲ့ ချစ်သူလေးကို ကလေးတစ်ယောက်လို ဖူးဖူးမှုတ်ထားကြောင်း ဗီဒီယိုနှင့်တကွ သက်သေပြလိုက်တဲ့ မြသဉ္ဇာလီ

လက်ရှိမှာတော့ သရုပ်ဆောင် မိုးအောင်ရင်ရဲ့သတင်းဟာ အပေါက်ဆုံး ဖြစ်နေပါတယ်နော်။ 

 

 

ဘာကြောင့်လဲဆို သူ့ထက် အသက်အများကြီး ကြီးသူ တစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်နေလို့ပါပဲ။ 

 

မိုးအောင်ရင်ရဲ့လက်ရှိချစ်သူဟာ သူ့ရဲ့ဖခင်နဲ့ ရွယ်တူတွေလို့တောင် ကြားမိပါတယ်နော်။

      မိုးအောင်ရင်ဟာ သူနဲ့ နှစ်အကြာကြီး လက်တွဲခဲ့တဲ့ ချစ်သူကို လမ်းခွဲပြတ်စဲခဲ့တာကြောင့် အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။      အမှုရင်ဆိုင်နေရင်းနဲ့တောင် နောက်ထပ်ချစ်သူအသစ်ရသွားတာကြောင့် ပရိသတ်များစွာရဲ့ ဝေဖန်ပြောဆိုမှုကို ခံနေရတာ ဖြစ်ပါတယ်။      သူ့ရဲ့လှုပ်ရှားမှုတွေကို အမြဲဝေမျှပေးနေတဲ့ မိုးအောင်ရင်ကတော့ မကြာသေးခင်က tik tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားခဲ့ပြန်ပါတယ်နော်။        ဒါကတော့ အိန္ဒိယအစားအစားတစ်မျိုးဖြစ်တဲ့ ပါးနီပူရီမုန့်လေးကို သူ့ရဲ့ချစ်သူမှ သေချာ ဂရုတစိုက် ခွံ့ကျွေးနေတာလေးကို ဗီဒီယိုလေးရိုက်ကူးပြီး တင်ထားတာ ဖြစ်ပါတယ်။     ချစ်သူပုံကို မထည့်ထားပေမယ့် ပရိသတ်တော်တော်များများကတော့ မြသဉ္ဇလီမှန်း သိကြပါတယ်နော်။ ကဲ အားလုံးလည်း ကြည့်ရှုနိုင်အောင် အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။








