
ဆွိဝတ်ရည်သောင်းဆိုတာနဲ့ကျားပေါက်ရဲ့ကောင်မလေးဆိုတာလူတိုင်းသိကြမှာပါ။
ဆွိဝတ်ရည်သောင်းဟာတစ်ခြားသူတော့မဟုတ်ပဲ မအေးသောင်းတို့ရဲ့ညီမအငယ်ဆုံးလေးဖြစ်ပါတယ်။
ဒါကြောင့်လည်းပရိသတ်တွေနဲ့မစိမ်းပဲရှိနေတာပါ။
သူမဟာ မြန်မာနိုင်ငံရဲ့လူငယ်ပရိသတ်တွေအားပေးမှုအများဆုံးရထားတဲ့ အဆိုတော်ကျားပေါက်ရဲ့ချစ်သူလည်းဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာတွဲနေတာအချိန်တော်ကြာပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်းပရိသတ်တွေရှေ့ကိုချပြခဲ့မကြာသေးတာပါ။
ကျားပေါက်ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ထိုင်းနိုင်ငံမှာခိုလှုံနေတာပါ။
ချစ်သူလေးနဲ့လည်းထိုင်းနိုင်ငံမှာတွေ့ဆုံနေကြတာပါ။
အခုမှာလည်း လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်လေးပုံကိုတင်ထားတာဖြစ်ပြီးသူတို့ရဲ့မင်္ဂလာသတင်းကြားရမလားဆိုတာကတော့စောင့်ကြည့်ပေးကြပါဦးနော်။