ချမ်းချမ်းဆိုတာနဲ့အခုမှာပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။
သမီးလေးနှစ်ယောက်နဲ့အတူ သူတို့မိသားစုဘဝလေးကပျော်ရွှင်စရာကောင်းနေတာပါ။
ပရိသတ်တွေကလည်းသူတို့မိသားစုကိုကြည့်ပြီးချစ်နေရတာပါ။
ချမ်းချမ်းဟာသူ့သမီးလေးတွေခင်ပွန်းတို့အတွက်အချိန်ပေးရင်းဘဝကိုဖြတ်သန်းနေတာပါ။
အ ခုမှာဆိုလည်းသမီးလေးတွေအရွယ်ရောက်လာပြီဖြစ်တာကြောင့်ကျောင်းစတက်နေကြပြီဖြစ်ပါတယ်။
သမီးလေးတွေကျောင်းတက်တဲ့ခံစားချက်တွေကိုလည်းပြောပြရင်း မြန်မာပြည်သူတွေအတွကိသူမလုပ်မယ့်အရာတွေကိုလည်းခုလိုပြောပြခဲ့တာပါ။
သမီးလေးတွေကျောင်း စ တက်ကြပီ ရင်ထဲမှာပျော်လဲပျော် ငိုလဲငိုချင်။
ဘဝမှာ မထင်မှတ်ထားတာတွေဖြစ်လာတိုင်း ဘုရားအလို မရှိသေးလို့ မျော်လင့်တာတွေ မဖြစ်သေးတာ လို့ပဲ အမြဲတွေးခဲ့တယ်။
အရာရာကို ဘုရားလက်ထဲထည့်ပီး နေလိုက်တဲ့အခါ ပိုကောင်းတဲ့အရာတွေတောက်ပတဲ့ အနာဂတ်တွေရလာတယ်။
ပြောချင်တာကတော့ ဘဝမှာ အရာရာကို လက်ခံနိုင်ဖို့
ဘုရားကလွဲလို့အားကိုးစရာမရှိဘူးဆိုတာပဲ။
ကျမတို့ဟာ စိတ်ဓါတ် ကြံ့ခိုင်ဖို့ရယ် အမှန်တရားကို ချစ်မြတ်နိုးဖို့တော့လိုကိုလိုပါတယ်။
ဒီလ အပိုင်းခြားတွေမှာ မိသားစုဝင်တေရဲ့မွေးနေ့တွေ ဆက်တိုက် ပဲ။ သမီးလေးတွေ အကြိုက်ပေါ့။
မုန့်တွေလက်ဆောင်တေရကြနဲ့ပေါ့။
အခုလဲ ခရီးမသွားခင်ကလေးတွေ အတွက် ထမင်းဟင်းအကုန်ချက်ပီး ပြင်ဆင်ပေးခဲ့ပီ။
အစစအရာရာ နားလည်ပေးတဲ့ မိသားစုဝင်တွေကြောင့် ကျမ အခုထိ သမီးလေးတွေနဲ့ အေးချမ်းစွာနေနိုင်တာပါ။
ဒီကျေးဇူးမမေ့ပါဘူး။ ဒီက မိသားစုဝင်တွေကို ထမင်းတလုတ်စားတိုင်းကျေးဇူးတင်တယ်။
မြန်မာပြည်အတွက် ကူညီထောက်ပံ့ဖို့ နိုင်ငံရပ်ခြားက ရွှေမြန်မာတွေနဲ့ပူးပေါင်းပီး ဒီနှစ်ကုန်ပိုင်းနဲ့နောက်နှစ် အစပိုင်းမှာ အစီစဉ်တွေဆွဲထားပါပီ။
ကျမ ရဲ့ အနုပညာနဲ့ မြန်မာပြည်က ပြည်သူတွေ အမှန်တရားချစ်မြတ်နိုးတဲ့ ကဏ္ဍအသီးသီးက ပြည်သူတွေအတွက် ထောက်ပံ့နိုင်ဖို့ ကျမတို့ကြိုးစားနေပါတယ်။
တယောက်အားနဲ့တော့ မနိုင်တာမို့ အများအားနဲ့ တွန်းရင် ဒီပွဲနိုင်ကိုနိုင်မှာပါ။
မကြာမီ သတင်းကောင်းလေးတွေလာတော့မယ်နော်ဆိုပြီးပြောပြခဲ့တာပါ။