
ပရိသတ်ကြီးရေ ဒီနေ့ကတော့ ပြည်သူ့အချစ်တော် မင်းသားကြီး နေတိုးရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။
နေတိုးကတော့ ယနေ့ချိန်ထိ အနုပညာလှုပ်ရှားမှုတွေ မလုပ်သေးဘဲ ပြည်သူတွေနဲ့အတူ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း ခရီးသွား Vlog တွေတင်နေတဲ့အတွက် တစ်ချို့ပရိသတ်တွေကတော့ ဝေဖန်နေကြဆဲပါပဲနော်။
နေတိုးဟာ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့မှာတော့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကိုလည်း Youtube Channel မှတစ်ဆင့် ဝေမျှပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မကြာသေးခင်ကလည်း ဝမ်းသာစရာသတင်းလေးတစ်ခုကို ပြောပြလာခဲ့ပါတယ်။
ဒါကတော့ ချစ်ဇနီးချောလေးမှာ သူ့အတွက် ရင်သွေးရတနာလေးလွယ်ထားရတာ ဖြစ်ပါတယ်။
သားရတနာလေးဖြစ်တဲ့အတွက် ပိုပြီးဝမ်းသာပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။
ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။