
အချစ်ဆုံး သူငယ်ချင်း မိစန္ဒီ အိမ်ထောင်ကျသွားလို့ ငိုကြီးချက်မ ဖြစ်နေတဲ့ နီနီခင်ဇော်
အသံပါဝါ ကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေလေ့ရှိတဲ့
အဆိုတော် နီနီခင်ဇော်ကိုတော့ ပရိတ်သတ်ကြီး
တို့တွေ သတိရကြ လိမ့်မယ်လို့ ထင်ပါတယ်။
အခုနောက်ပိုင်းမှာတော့ သူမဖန်တီးထားတဲ့
သီချင်းဗီဒီယိုတွေကို ပရိတ်သတ်တွေအတွက်
မျှဝေလေ့ ရှိပါတယ်။
တလောကမှ သူမရဲ့ အချစ်ဆုံး သူငယ်ချင်း
တစ်ယောက် ဖြစ်တဲ့ မိစန္ဒီ တစ်ယောက်
ဈေးဗန်းသိမ်းပြီး လက်ထက်သွားတာကြောင့်
အပျော်လွန်ပြီး မျက်ရည်ကျ ခဲ့ရပါတယ်
ဆိုပြီးတော့ သူမရဲ့ ဆိုရှယ်မီဒီယာမှာ
ပြောကြားခဲ့ပါတယ်။
“ယောင်္ကျားမယူ ပါဘူးဆိုပြီး
ကြုံးဝါးခဲ့တဲ့ ကျမနားကသူတွေဟာ
တဖွဲဖွဲ ယူကုန်ကျပါတယ်” ဆိုပြီးတော့
ငိုမဲ့မဲ့ မျက်နှာကလေးနဲ့ ပြောကြား ခဲ့ပါသေးတယ်။
မိစန္ဒီကို လာတောင်းရမ်းတဲ့ နေ့မှာဘဲ
သတို့သမီးက မငိုဘဲ နီနီတစ်ယောက်
ငိုကြီး ချက်မ ဖြစ်နေတာကို ဓာတ်ပုံဆရာက
အမိအရ ရိုက်ထားခဲ့ပါတယ်။
သူငယ်ချင်း ဖြစ်သူ မိစန္ဒီအတွက်လည်း
အရမ်းကို ပျော်ပြီး သူမရဲ့ သူငယ်ချင်းလေးကို
ဖြူဖြူစင်စင်နဲ့ ချစ်ပေးပါ ဆိုပြီးတော့လည်း
သတို့သားလေးကို တောင်းဆိုလိုက်ပါသေးတယ်။
Zawgyi Version
မျှဝေလေ့ ရှိပါတယ်။
ပြောကြားခဲ့ပါတယ်။