အချိုးမပြေတဲ့ သူတွေကို ဆဲလဲဆဲမယ် သြဇီကနေ ထောက်ပို့တပ်သားလဲ လုပ်မယ်လို့ ဆိုလာတဲ့ ပြည်သူချစ်မင်းသား မင်းမော်ကွန်း

အချိုးမပြေတဲ့ သူတွေကို ဆဲလဲဆဲမယ် သြဇီကနေ ထောက်ပို့တပ်သားလဲ လုပ်မယ်လို့ ဆိုလာတဲ့ ပြည်သူချစ်မင်းသား မင်းမော်ကွန်း

မြန်မာနိုင်ငံရဲ့ အထင်ကရ အနုပညာရှင်
တစ်ဦးဖြစ်သလို တော်လှန်ရေးမှာ ပြည်သူတွေကို

ဦးဆောင်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့
မင်းသား မင်းမော်ကွန်း ကိုတော့ ပရိတ်သတ်ကြီး
တို့တွေ သိကြမှာပါ။

မင်းမော်ကွန်းရဲ့ အမည်ရင်းကတော့ ကျော်ကျော်ဌေးလွင်
ဖြစ်ပြီး အကယ်ဒမီ ဇင်ဝိုင်းရဲ့သား တစ်ယောက်လည်း
ဖြစ်ပါတယ်။

ဒါ့အပြင် ပရိတ်သတ်တွေက သူ့ကို ကိုကြာနု
ဆိုပြီးတော့လည်း ခေါ်ကြပါတယ်။

မင်းမော်ကွန်း တစ်ယောက်ကတော့ စစ်ကောင်စီ
အာဏာသိမ်းချိန်ကစလို့ ဆန္ဒပြပွဲတွေမှာ အစဉ်တစိုက်
ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ မိသားစုနဲ့

အတူတူ တောထဲကို သွားပြီး စစ်ကောင်စီကို
ဆက်လက် တော်လှန်နေခဲ့ပါတယ်။

အဲ့ဒါကြောင့် ပရိတ်သတ် တော်တော်များများကတော့
သူ့ရဲ့ မိသားစုဝင်တွေကို စိုးရိမ်နေခဲ့ကြပေမယ့်လည်း
မင်းမော်ကွန်း တစ်ယောက်ကတော့ အခုဆိုရင်
သူဟာ ဩစတေးလျကို ရောက်ရှိနေပြီဖြစ်တယ်
ဆိုတဲ့ အကြောင်းကို အသိပေးလာပါတယ်။

သူကတော့ အရင်လိုပဲ စစ်ကောင်စီကို တော်လှန်
သွားမှာဖြစ်ပြီး အခုဆိုရင် ထောက်ပို့တပ်သား
တစ်ယောက်အနေနဲ့ ရပ်တည်ပြီး တော်လှန်ရေး
မအောင်မြင်မချင်း ပါဝင်သွားမှာ ဖြစ်တယ်
ဆိုပြီးတော့လည်း သြဇီနိုင်ငံ မဲလ်ဘုန်းမှာ
သေဒဏ် ချမှတ်ခံရတဲ့ ကိစ္စနဲ့ပက်သက်ပြီး
ပြုလုပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲ တစ်ခုမှာ
ပြောကြားခဲ့ပါတယ်။

Zawgyi Version


တို့တွေ သိကြမှာပါ။

ဖြစ်ပါတယ်။




ပြောကြားခဲ့ပါတယ်။