
မကြီးစိုးဆိုတာနဲ့ပရိသတ်တွေချစ်ရတဲ့နိုင်ငံကျော်တစ်ယောက်ပါ။
သူမဟာ ဟာသဇာတ်ရုပ်တွေမှာလည်းပရိသတ်တွေကိုအမြဲပျော်ရွှင်အောင်ဖန်တီးပေးနိုင်သူပါ။
အဓိက ဒရမ်မာဇာတ်ရုပ်တွေမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်သူပါ။
ဒါကြောင့်လည်းပရိသတ်တွေချစ်ရတဲ့သူတစ်ယောက်ဖြစ်နေရတာပါ။
အနုပညာလောကမှာလည်းနှစ်ပေါင်းများစွာကြာအောင်မြင်မှုတွေကိုသိမ်းပိုက်ထားနိုင်တာပါ။
ဒါ့အပြင်သူ့လိုပဲအောင်မြင်နေတဲ့ညီမတွေရဲ့အချစ်ကိုပါရရှိထားတာပါ။
ဒီနေ့ကတော့မကြီးစိုးရဲ့မွေးနေ့လေးဖြစ်ပါတယ်။
မကြီးမွေးနေ့လေးမှာတော့ ညီမဖြစ်သူ စိုးမြတ်နန္ဒာကဆွမ်းကပ်ပြီးမွေးနေ့လေးကျင်းပပေးခဲ့တာပါ။
ပရိသတ်တွေနဲ့ဝေးနေတဲ့မကြီးစိုးရဲ့မွေးနေ့အလှုပုံရိပ်လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။