အနုပညာလောက နဲ့အဆက်ပြတ်ပြီး အမှောင်ကျခဲ့ရတဲ့ နေ့ရက်ဆိုးတွေအကြောင်း ပြောပြလာခဲ့တဲ့ အဆိုတော် ဧကရီ

တချိန်က ၉၀ ခုနှစ်ဖွားတွေရဲ့ အသည်းစွဲ သီချင်းတစ်ပုဒ်ဖြစ် ခဲ့တဲ့ သီချင်းလေးတစ်ပြဒ်ဖြစ်တဲ့ အချစ်တို့ ပြန်ပေးပါ ဆိုတဲ့ သီချင်းလေးကို မှတ်မိကြပါသေးရဲ့လား ။
သီချင်းလေးရဲ့ မူရင်းအဆိုရှင်ဖြစ်တဲ့ ဧကရီကတော့ သီချင်းလေးပေါက်ခဲ့ပြီး မကြာခင်မှာဘဲ မူးယစ်ဆေးဝါး လက်ဝယ်တွေ့အမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
အခုလို အောင်မြင်စအချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့အတွက် အနုပညာအလုပ်နဲ့ ဆယ်နှစ်ကျော် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။

ပရိသတ်ကြီးရေ ၊ ဧကရီ ဟာ မူးယစ်ဆေးဝါး အမှုမှာ မသက်ဆိုင်ပါဘဲ အဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။ ချစ်ရတဲ့ ချစ်သူအမျိုးသား ကမူးယစ်ဆေးဝါး အမှု မှာ လျှော်တွဲပြီး ဆွဲခေါ်ခဲ့တဲ့အတွက် နှစ်ပေါင်းများစွာ အကျဉ်းစခန်း မှာ အမှောင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ပါတယ်။ ချစ်ရတဲ့အမျိုးသားရဲ့ သစ္စာဖောက်မှု ကြောင့် အကျဉ်းထောင်ထဲက နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ် ။
ဧကရီကတော့ အကျဉ်းစခန်းထဲက နေ့ရက်တွေကို MC နဲ့ အင်တာဗျူးတဲ့အချိန်မှာ ပြောပြခဲ့ကြတာဖြစ်ပါတယ်။

အခုတစ်ဖန် အနုပညာလောကမှာ အလုပ်တွေပြန်လုပ်နေပြီဖြစ်တဲ့ အနုပညာရှင် ဧကရီ ကတော့ ဟန်ဆောင်မှု ကင်းတဲ့ စကားတွေနဲ့ ဘဝတစ်ကွေ့ဖြတ်သန်းမှုတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ တေးသံရှင် ဧကရီရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြဦးမှာလား မန့်လေးတွေပြောပြခဲ့ကြပါဦး ။

 

Cလေး

 



