
ပရိသတ်ကြီးရေ Liam လေးလို့ပြောလိုက်တာနဲ့ ယွန်းဝတီလွင်မိုးရဲ့သားလေးဆိုတာ အားလုံးပဲ သိကြမယ် ထင်ပါတယ်နော်။
သူဟာ မွေးကင်းစကတည်းက ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။
သူ့ရဲ့လှုပ်ရှားမှုတွေတိုင်းဟာလည်း အရမ်းကို ချစ်စရာကောင်းလွန်းလှပါတယ်။
လီလီလုံးလေးဟာ အဖိုး၊အဖွားတွေရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့ရတာ ဖြစ်ပါတယ်။
မကြာသေးခင်လပိုင်းလောက်က ကျန်းမာရေးချို့တဲ့ခဲ့တာကြောင့် ပရိသတ်တွေ စိုးရိမ်ခဲ့ကြပါသေးတယ်။
အခုမှာတော့ ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်ပြီး အရင်လို သီချင်းလေးနွေ ပြန်လည် သီဆိုလာနိုင်နေပြီ ဖြစ်ပါတယ်။
မကြာသေးခင်က ဘွားဘွားမေသူမှ မြေးလေးရဲ့ဗီဒီယိုဖိုင်လေးကို ဝေမျှပေးခဲ့ပါတယ်။
ဒါကတော့ အဆိုတော် မျိုးကြီးရဲ့သီချင်းကို အားပါတရသီဆိုနေခဲ့တာ ဖြစ်ပါတယ်။
ကဲ ပရိသတ်ကြီးလည်း အားပေးနားဆင်နိုင်အောင် အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။