
အမေက သမီးတို့ကို ထမင်းခွန့်ကျွေးတာလေးတွေကို လွမ်းတယ် လို့ဆိုလာတဲ့ သရက်သီးသည်လေး ဂျမ်းတော
စကားပြောမြန်ပြီး စိတ်မရှည်တဲ့ ဟန်ပန်အမူအရာ
လေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်များစွာကို
သိမ်းပိုက် ထားနိုင်တဲ့သူ တစ်ယောက်ကတော့
သရက်သီးသည်လေး မဂျမ်းတောပဲ ဖြစ်ပါတယ်။
သူမ အွန်လိုင်းပေါ်မှာ နာမည်ကြီးပြီး
မကြာခင်မှာပဲ သူမရဲ့ အမေ ဆုံးပါး
သွားခဲ့ပါတယ်။
နောက်ပိုင်းမှာဆိုရင်တော့ သူမရဲ့ စားဝတ်နေရေး
ပြေလည်စေဖို့အတွက် စည်သူ (ပလတ်ကျွတ်)
နဲ့အတူတူ တွဲပြီး အွန်လိုင်းပေါ်မှာ စျေးရောင်းတာနဲ့
ကြော်ငြာရိုက်တာတွေကို ဆက်တိုက်
ပြုလုပ်ခဲ့ပါတယ်။
အခုဆိုရင်တော့ သူမတို့မိသားစုလေးတွေ အနေနဲ့
ငွေကြေး ချောင်လည် သွားခဲ့ပေမယ့်လည်း သူမအတွက်
ခိုကိုးရာဖြစ်တဲ့ မိခင်ဖြစ်သူ မရှိတော့တာကြောင့်
အရမ်းကို စိတ်အားငယ်နေခဲ့ပါတယ်။
သူမကတော့ မိခင်ဖြစ်သူကို အရမ်းလွမ်းနေခဲ့ပြီး
မိခင်ဖြစ်သူ ရှိနေစဉ်က အမှတ်တရ
လေးတွေကိုလည်း တစ်ခါတရံ
သတိရမိတယ်လို့ ဆိုပါတယ်။
“အမေရှိတုန်းက ဆိုရင်တော့ ထမင်းခွန့်ကျွေး
ခိုင်းတာပေါ့နော်… အမေက ငါ့သမီးက ဒီအတိုင်းဆို
ထမင်းသိပ်မစားဘူး အမေကျွေးရင် စားတယ် ဆိုပြီး
အမြဲတမ်း ထမင်းခွန့်ကျွေးတာပေါ့။
နောက်ပြီးတော့လည်း အမေနဲ့ သွားခဲ့တဲ့
ခရီးတွေကိုလည်း သတိရတယ်။ အမေ့
အတွက်လည်း စနေနေ့တိုင်း ဘုန်းကြီးတွေကို
မုန့်တွေလည်း လှူဖြစ်ပါတယ်” ဆိုပြီးတော့
သူမရဲ့ အမေနဲ့ ပက်သက်တဲ့ အကြောင်းအရာ
လေးတွေကို အခုလိုပဲ မျှဝေခဲ့ပါတယ်။
Zawgyi Version
အေမက သမီးတို႔ကို ထမင္းခြန႔္ေကြၽးတာေလးေတြကို လြမ္းတယ္ လို႔ဆိုလာတဲ့ သရက္သီးသည္ေလး ဂ်မ္းေတာ
စကားေျပာျမန္ၿပီး စိတ္မရွည္တဲ့ ဟန္ပန္အမူအရာ
ေလးေတြေၾကာင့္ ပရိတ္သတ္ေတြရဲ႕ အခ်စ္မ်ားစြာကို
သိမ္းပိုက္ ထားႏိုင္တဲ့သူ တစ္ေယာက္ကေတာ့
သရက္သီးသည္ေလး မဂ်မ္းေတာပဲ ျဖစ္ပါတယ္။
သူမ အြန္လိုင္းေပၚမွာ နာမည္ႀကီးၿပီး
မၾကာခင္မွာပဲ သူမရဲ႕ အေမ ဆုံးပါး
သြားခဲ့ပါတယ္။
ေနာက္ပိုင္းမွာဆိုရင္ေတာ့ သူမရဲ႕ စားဝတ္ေနေရး
ေျပလည္ေစဖို႔အတြက္ စည္သူ (ပလတ္ကြၽတ္)
နဲ႔အတူတူ တြဲၿပီး အြန္လိုင္းေပၚမွာ ေစ်းေရာင္းတာနဲ႔
ေၾကာ္ျငာ႐ိုက္တာေတြကို ဆက္တိုက္
ျပဳလုပ္ခဲ့ပါတယ္။
အခုဆိုရင္ေတာ့ သူမတို႔မိသားစုေလးေတြ အေနနဲ႔
ေငြေၾကး ေခ်ာင္လည္ သြားခဲ့ေပမယ့္လည္း သူမအတြက္
ခိုကိုးရာျဖစ္တဲ့ မိခင္ျဖစ္သူ မရွိေတာ့တာေၾကာင့္
အရမ္းကို စိတ္အားငယ္ေနခဲ့ပါတယ္။
သူမကေတာ့ မိခင္ျဖစ္သူကို အရမ္းလြမ္းေနခဲ့ၿပီး
မိခင္ျဖစ္သူ ရွိေနစဥ္က အမွတ္တရ
ေလးေတြကိုလည္း တစ္ခါတရံ
သတိရမိတယ္လို႔ ဆိုပါတယ္။
“အေမရွိတုန္းက ဆိုရင္ေတာ့ ထမင္းခြန႔္ေကြၽး
ခိုင္းတာေပါ့ေနာ္… အေမက ငါ့သမီးက ဒီအတိုင္းဆို
ထမင္းသိပ္မစားဘူး အေမေကြၽးရင္ စားတယ္ ဆိုၿပီး
အၿမဲတမ္း ထမင္းခြန႔္ေကြၽးတာေပါ့။
ေနာက္ၿပီးေတာ့လည္း အေမနဲ႔ သြားခဲ့တဲ့
ခရီးေတြကိုလည္း သတိရတယ္။ အေမ့
အတြက္လည္း စေနေန႔တိုင္း ဘုန္းႀကီးေတြကို
မုန႔္ေတြလည္း လႉျဖစ္ပါတယ္” ဆိုၿပီးေတာ့
သူမရဲ႕ အေမနဲ႔ ပက္သက္တဲ့ အေၾကာင္းအရာ
ေလးေတြကို အခုလိုပဲ မွ်ေဝခဲ့ပါတယ္။