“အမျိုးသမီးတစ်ယောက်ကို ဆံပင်အထွေးလိုက်ကျွတ်စေတဲ့အထိ ၀န်ဆောင်မှုကောင်းခဲ့တဲ့ အမရာရွှန်းလဲ့ရဲ့ G1 အလှပြင်ဆိုင်”

ပရိသတ်ကြီးရေ ၊ စီတို့ မြန်မာ အမျိုးသမီးတွေရဲ့ ဘ၀မှာ ကောင်းချီးငါးဖြာနဲ့ ပြည့်၀ဖို့ ဆံပင်အလှဟာ မရှိမဖြစ်လိုအပ်ပါတယ် ။ ခေတ်မီလာတာနဲ့ အမျှ ဆံပင်ကို နည်း အမျိုးမျိုး ပြုပြင်ပုံဖော် လာကြသလို ဆံသားကျန်းမာရေးအတွက်လည်း အလှကုန် အမျိုးမျိုး ထုတ်လုပ်‌သုံးစွဲလာကြပါတယ်။

 

Facebook‌ ကြော်ငြာဂျင်းတွေ နဲ့ ဂယက်တသိန်းထနေတဲ့ အလှပြင်ဆိုင်တွေကြားထဲ အခုတစ်ခေါက်မှာတော့ နိုင်ငံဂုဏ်ဆောင် Miss တစ်ဦးဖြစ်တဲ့ အမရာရွှန်းလဲ့ရဲ့ G1 ဆိုင်ရဲ့ သတင်းကတော့ လူမှုကွန်ရက်တစ်ခွင် ဟိုးလေးတစ်ကျော်ပါ။ G1မှာ သင်္ကြန်ပရိုမိုးရှင်း ချတဲ့အချိန် ဆံပင် ဖြောင့်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက သူ့ရဲ့ စိတ်ထိခိုက်စရာဖြစ်ရပ်ကို လူမှုကွန်ရက်ကနေဖွင့်ချခဲ့ပါတယ်။ ပရိုမိုးရှင်းနဲ့ ဆံပင်ဖြောင့်လိုက်တဲ့ ရလာဒ်ကတော့ ဦးရေပြားကို မြင်ရတဲ့အထိ အထွေးလိုက် ဆံပင်ကျွတ်သွားခြင်းပါပဲ။အဆိုပါ အမျိုးသမီးကဲ့သို့ G1မှာ အားပေးခဲ့သူတွေလည်း ဆံပင်ကျွတ်သူတွေ အများကြီးရှိနေတယ်လို့လည်းသိရပါတယ် ။ လက်ရှိအချိန်ထိ တောင်းပန်တာ တွေလည်း ပြုလုပ်မထားဘူးလို့ဆိုပါတယ်။

 

 

နောက်ဆက်တွဲအရ အဆိုပါ G1ဆိုင်ကို အလှမယ် အမရာရွှန်းလဲက အခုနှစ်ပိုင်းမှ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်အားခဈေးနှိမ်ပြီး ဆွဲခန့် ခန့်ထားတဲ့ ၀န်ထမ်းများကြောင့် အခုလို ‌ကိစ္စ‌ရပ်တွေမကြာခဏ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ မန္တလေးက အမရာရွှန်းလဲ့ရဲ့ G1 ဆိုင်ကို ဝေးဝေးရှောင်နိုင်ကြဖို့ ဂျက် တင်ပြပေးလိုက်ရပါတယ်။

 

စည်လေး



