
ပရိသတ်အချစ်တော်ပိုးမီကတော့သိပ်မကြာခင်ကပဲ အမြန်လမ်းမှာကားမှောက်ခဲ့တာပါ။
ကားပေါ်ပါတဲ့သူတေံအကုန်လည်းဒဏ်ရာရခဲ့ပြီးအသက်အန္တာရာယ်တော့စိုးရိမ်စရာမရှိခဲ့တာပါ။
ဒါကြောင့်လည်းပရိသတ်ကအံ့သြမှင်သက်ခဲ့ရတာပါ။
သူတို့ဟာဘုရားဌာပနာပိတ်ပွဲအပြန်မှာဖြစ်ခဲ့တာပါ။
စိတ်ပူနေတဲ့ပရိသတ်တွေအတွက်လည်းသူမရဲ့လူမှုကွန်ရက်ကနေခုလိုပဲရှင်းပြခဲ့တာပါ။
တစ်ဖက်လမ်းကကားသမားတွေကော ကိုယ်တွေ အနောက်က ကားသမားတွေကောက ပြောတယ် ကားထဲပါသမျှလူ အကုန် သေပြီးပဲတွေးထားတာတဲ့ ။
ကားက၄ပတ်လောက်ပတ်ပြီး ပလပ်မှောက်ခုံ ၃-၄ ပတ်လောက် ဖြစ်သွားတာကို ကိုယ်ကကားထဲကထွက်လာတော့ အကောင်းတိုင်းပဲ ။
ဖြစ်တာက ကိုယ့်ဘက်အများဆုံး မှန်တွေအနောက်ကော အရှေ့ကော ဘေးကော အကုန်ကွဲ
အရှေ့ကသူတွေခါးပတ်ပတ်ထားပါတယ် ။
နောက်ကသူတွေ Seatbelts မပတ်ထားမိဘူး။ အနောက်ကသူတစ်ယောက်ဆို အရှေ့ရောက်လာလိုက် အနောက်ရောက်သွားလိုက် နဲ့။
တစ်ယောက်ပဲသွေးထွက်သံယိုဖြစ်ပြီး ကျန် ၂ ယောက် နည်းနည်းထိပြီး ကိုယ်က ဘာဆိုဘာမှ မဖြစ်သွားတာ ကိုယ်ကိုယ်တိုင်ကို တော်တော်လေးအံ့ဩသင့်သွားတယ်။
ဘုရားဌာပနာပိတ်ပွဲအပြန်ဖြစ်တာမလို့ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်လိုက်တယ်လိုပဲယုံကြည်လိုက်တယ်။ဘယ်လိုကြောင့်ပဲမှောက်မှောက် ဘာကြောင့်ပဲမှောက်မှောက် လူတွေ အရမ်းမထိတာကိုပဲ ကျေးဇူးတင်တယ် ဘာကိုဘယ့်သူကိုကျေးဇူးတင်လဲဆိုတာလဲ မသိဘူး။
အသိတစ်ခုဝင်သွားတာ ဘယ်အရာမှ ကြိုမမြင်နိုင်သလို ဘယ်အရာမှလဲ မမြဲပါဘူး ။သေခြင်းတရားကလဲ အချိန်နဲ့စက္ကန့်တိုင်းမှာဖြစ်နိုင်ပါတယ်ဆိုတာပါပဲဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။