အလုပ်ရှင် သူဠေးက ကြည့်မရတာကြောင့် အလုပ်ထုတ်ခံပြီး နောက်ပိုင်း ဆယ်လီဖြစ်လာတဲ့ ဖြူဖြူထွေး အကြောင်း တစ်စေ့တစ်စောင်
အလုပ်ရှင် သူဠေးက ကြည့်မရတာကြောင့် အလုပ်ထုတ်ခံပြီး နောက်ပိုင်း ဆယ်လီဖြစ်လာတဲ့ ဖြူဖြူထွေး အကြောင်း တစ်စေ့တစ်စောင်း
အပြုံးချိုချိုနဲ့ ဟန်ဆောင်မှုကင်းတဲ့ တောသူမလေး
တစ်ယောက် ဆိုပြီး ပရိတ်သတ်တွေက သဘောကျ
နှစ်သက်အားပေးကြတဲ့ ဖြူဖြူထွေးကိုတော့
ပရိတ်သတ်ကြီးတို့တွေ သိကြမှာပါ။
ဖြူဖြူထွေးတစ်ယောက် အခုလို နာမည်ကြီး
လူကြိုက်များပြီး အွန်လိုင်းဆယ်လီ မဖြစ်ခင်
ဘဝအကြောင်းလေးကို ပြောပြပေးချင်ပါတယ်။
ဖြူဖြူထွေးဟာ ဆိုရင်တော့ အရင်က တောကနေ
မြို့ကို တက်လာပြီး အလုပ်လုပ်နေတဲ့ ကောင်မလေး
တစ်ယောက်ဖြစ်ပါတယ်။ သူမလုပ်ကိုင်ရတဲ့ အလုပ်ကတော့
ပြည်သူတွေကို သတင်းတင်ဆက် ပေးရတဲ့
သတင်းထောက် တစ်ယောက်ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူမဟာ အဲ့ဒီ့အလုပ်နဲ့
အကျွမ်းတဝင်ရှိပုံ မရတာကြောင့် အလုပ်ရှင်
သူဠေးက သဘောမကျပဲ သူမကို
အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဖြူဖြူထွေး
တစ်ယောက် တက္ကသိုလ်ကျောင်းကပွဲ တစ်ခုမှာ
ထဘီကြီးနဲ့ ဂျွမ်းပစ်ထိုးလိုက်တာကြောင့်
နာမည်ကြီးလာပါတော့တယ်။
သူမကို ထဘီကြီးနဲ့ အဲ့သလို မဖွယ်မရာတွေ
မလုပ်သင့်ကြောင်းပြောကြားတဲ့ သူတွေ
တော်တော်များများကို သူမက ခွန်းတုန့်မခံ
ပြန်ပြောပြီး ပြည်သူတွေရဲ့ ဝိုင်းဝန်း
ဆဲဆိုတာကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆိုရင်တော့
မျက်ရည်ခံလေးထိုး ငိုပြီး အလှူအတန်းလေး
လုပ်ပြလိုက်တာကြောင့် သူမကို သနားဂရုဏာ
သက်သူတွေ များပြားလာပါတယ်။
သူမကို ကြိုက်နှစ်သက် သူတွေထဲမှာတော့
အသက်ကြီးပိုင်း အဖေအမေအရွယ် အဖိုးအဖွားတွေ
များပြားပြီး လူငယ်လူရွယ်တွေကတော့ အပိုလုပ်တယ်
ဆိုပြီးတော့ ကြည့်မရကြပါဘူး။ ဒါပေမယ့်လည်း
ဖြူဖြူထွေးတစ်ယောက် နာမည်တွေ စွတ်ကြီးပြီး
ကြော်ငြာတွေ ရိုက်လိုက်တာ သိန်းပေါင်း
မြောက်များစွာ တန်တဲ့တိုက်ကြီး တစ်လုံး
ဆောက်နိုင်တဲ့အပြင် ကားတွေပါ ဝယ်စီးနိုင်တဲ့အထိ
ချမ်းသာသွားပါတော့တယ်။
ဒါပေမယ့်လည်း သူမရဲ့ ကျော်ကြားမှုက ရေရှည်
မခံခဲ့ပါဘူး။ သူမဟာ နိုင်ငံကြီးသား တစ်ယောက်
မပီသသလို ကြောက်တတ်ပြီး အောက်လမ်းကနေ
တက်လာတယ် ဆိုတဲ့ သတင်းစကားတွေဟာ
တောမီးအလျင်လို ပြန့်နှံ့သွားခဲ့ပါတယ်။ ဒါ့အပြင်
ကြော်ငြာရှင်တွေကို မချေမငံဆက်ဆံတာ၊ သတင်းမီဒီယာ
သမားတွေကို မလေးမစားပြုမူတာနဲ့ အလုပ်ချိန်ကို
မလေးစားပဲ သူမကိုယ်သူမ နာမည်ကြီး မင်းသမီး
တွေလိုမျိုး ပြုမူနေတယ်လို့ သူမနဲ့အတူ အလုပ်လုပ်ခဲ့တဲ့
သူတွေက ပြောတာကို ကြားလာရပါတယ်။
အဲ့ဒါဟာ အမှန်တရားတွေ ဖြစ်တယ် ဆိုတာကိုလည်း
တော်လှန်ရေး သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့
Russell က ပြောပြ လာတာလည်း
ရှိပါတယ်။ သူမကို နာမည်ကျစေတဲ့ အကြောင်းရင်း
တစ်ချက်လည်း ရှိပါသေးတယ်။ အဲ့ဒါကတော့
စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာ
သူမကို ပြည်သူတွေနဲ့အတူ တစ်သားတည်း
ရပ်တည်ဖို့ ပြောခဲ့ပေမယ့်လည်း သူမကတော့
နိုင်ငံရေးဟာ သူမနဲ့ မဆိုင်ပါဘူး ဆိုပြီးတော့
မချေမငံပြောဆိုခဲ့ပါတယ်။
လူတော်တော်များများကတော့ သူမရဲ့ သရုပ်မှန်ကို
သိပြီးတဲ့ နောက်မှာတော့ အရင်က လှူဒါန်းခဲ့တာတွေဟာ
သူမစိတ်ပါလိုမဟုတ်ပဲ သူမရဲ့ နာမည်ကြီးလာဖို့
ပြည်သူတွေကို အသုံးချခဲ့တာ ဖြစ်တယ်ဆိုပြီးတော့
ဝေဖန်ပြောဆိုနေကြပါတယ်။ ဖြူဖြူထွေး ပရိတ်သတ်တွေ
ရှိရင်လည်း ဟုတ်မဟုတ် ပြောပေးခဲ့ဦးနော်…
Zawgyi Version