
ပရိသတ်ကြီးရေ သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးနှစ်ယောက်ကို လူလားမြောက်အောင် ပြုစုစောင့်ရှောက်ခဲ့တဲ့ Single Mother တစ်ဦးဖြစ်ပါတယ်။
သူ့ရဲ့သားနဲ့သမီးဟာလည်း မိခင်အပေါ် အရမ်းသိတတ်လွန်းတာကြောင့် အားလုံးက ချီးကျုးနေကြတာ ဖြစ်ပါတယ်။
ခင်ဇာခြည်ကျော်ကတော့ အနုပညာလှုပ်ရှားမှုတွေအပြင် စီးပွားရေးလုပ်ငန်းကိုပါ ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
သမီးဖြစ်သူနဲ့လည်း ပါတိတ်တွေကို Live လွှင့်ရောင်းလေ့ရှိတာလည်း ဖြစ်ပါတယ်။
မကြာသေးခင်က ခင်ဇာခြည်ကျော်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်လေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ အားကိုးရတဲ့ သမီးလေးရဲ့အကြောင်းကို ချီးကျုးပြောဆိုရင်း သားလေးရဲ့မကောင်းတဲ့အကျင့်ကိုပါ ဖောက်သည်ချလိုက်တာ ဖြစ်ပါတယ်။
“အသက်အရွယ်ရလာတာနဲ့ အမျှသမီးမိန်းကလေးရဲ့ တန်ဖိုးကိုပိုပိုပြီးသိလာတယ်…အစစ အရာရာ မှာအရမ်းလိမ္မာတဲ့သမီး ရထားတာမို့ ကျေနပ် ပီတိ ပေါ့..သားဆိုတဲ့
အမျိုးက တော့ အသက် ၁၆ နှစ် နောက်ပိုင်း မှာ ကြီးလေ…ချဉ်လေ …သံပုရာသီး စားနေရသလိုပဲ…ဟီးဟီး 😁😂🤣” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
ဘုန်းမင်းကလည်း ” ပလိန်းကြီးပါလား” ဆိုပြီး မိခင်ဖြစ်သူရဲ့ပို့စ်အောက်မှာ ကွန်မန့်ရေးသားထားပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။