
ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ဒွေး ကွယ်လွန်သွားတာ နှစ်အတော်ကြာခဲ့ပါပြီနော်။
သူကွယ်လွန်သွားချိန်ဟာ အရမ်းကို စောလွန်းတဲ့အတွက် ပရိသတ်တွေအားလုံးက နှမျောတသဖြသ်နေကြတာပါ။
ဒွေးကွယ်လွန်သွားပေမယ့် သူ့ရဲ့အနုပညာအမွေတွေကိုတော့ သမီးဖြစ်သူမှ ဆက်လက်အမွေခံထားတာ ဖြစ်ပါတယ်။
ဒွေးရဲ့သမီးလေး ဆည်းလည်းလေးဟာ အခုဆိုရင် အနုပညာအလုပ်တွေကို တဖြည်းဖြည်းချင်း လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။
မကြာခင်မှာလည်း ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။
လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေကိုသာ ဝတ်ဆင်လေ့ရှိတဲ့ ဆည်းလည်းလေးဟာ သူမရဲ့လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေအတွက် ဝေမျှပေးတတ်ပါသေးတယ်။
မကြာသေးခင်က ဆည်းလည်းရဲ့ Facebook Story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ အားလပ်ချိန်တိုင်း သူမရဲ့အချစ်တော် ပါပီလေးတွေနဲ့ ဆော့ကစားရင်း ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေး ဖြစ်ပါတယ်။
ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။