အားလုံးမေ့လျော့နေကြတဲ့ ဒွေးအတွက် အမြတ်ဆုံးအရာတစ်ခုပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်း

ပရိသတ်ကြီးရေ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ အရှင်ဇောတိက ဆိုတဲ့ ဘွဲ့နဲ့ သာသနာဘောင့်ကို ဝင်ရောက်နေခဲ့တာ အခုလို (၈၅)ရက်တောင်ရှိသွားခဲ့ပါပြီ။ ဒီနေ့မှာတော့ အရှင်ဇောတိက တစ်ဖြစ်လည်း သရုပ်ဆောင် ဇွဲနိုင်ဝင်းက အရုဏ်ဆွမ်းကပ်လှူတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ပရိသတ်ကြီးရေ။

 

အလှူလေးကတော့ ကိုသားကြီး (သရုပ်ဆောင် အကယ်ဒမီ ဒွေး)ရဲ့ ကိုယ်စားပြုလုပ်ပေးခဲ့တဲ့ အလှူလေးပဲဖြစ်ပါတယ်။ ဒီနေ့ မေလ (၇)ရက်နေ့လေးကတော့ သရုပ်ဆောင်ဒွေးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ကိုသားကြီးသာ သက်ရှိထင်ရှားရှိမယ်ဆို ဒီနေ့မွေးနေ့လေးမှာတော့ အသက် (၅၆)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

 

အရှင်ဇောတိကတဖြစ်လဲ သရုပ်ဆောင်ဇွဲနိုင်ဝင်းကတော့ ဒီနေ့ ဒွေးနေ့မွေးနေ့လေးမှာ ဒွေးကိုယ်စားဆွမ်းကပ်အလှူလေးပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဇွဲနိုင်ဝင်းကတော့ ဒီနေ့သူပြုလုပ်ပေးတဲ့ ကိုသားကြီးရဲ့ မွေးနေ့အလှူလေးကို ကိုသားကြီးတစ်ယောက် ကောင်းမှုတွေရရှိပါစေလို့လည်း မျှဝေထားခဲ့ပါတယ်။