အိမ်ထောင်ကျပြီး အလုပ်ကနေရတဲ့ ပထမဆုံးလုပ်အားခလေးနဲ့ ချစ်ခင်ပွန်းအား ရိုသေစွာကန်တော့ခဲ့တဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ သရုပ်ဆောင် မြတ်သူသူကတော့ မကြာသေးခင်က ချစ်ရသူလေးနဲ့ လက်ထပ်ပွဲလေး ကျင်းပပြီးစီးသွားခဲ့တာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

အားလုံးကလည်း ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်သွားခဲ့တဲ့ မြတ်သူသူအတွက် ဝမ်းသာဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ 

 

 

 

 

 

မြတ်သူသူဟာ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်နေတဲ့အပြင် ကြော်ငြာလေးတွေပါ ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

သူမရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေသိရှိအောင်လည်း အမြဲလိုလို ဝေမျှပေးလေ့ရှိတာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

မကြာသေးခင်က မြတ်သူသူရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

ဒါကတော့ အိမ်ထောင်ကျပြီး ပထမဆုံးအလုပ်ကနေရတဲ့ လုပ်အားခလေးနဲ့ ချစ်ခင်ပွန်းအား ရိုသေစွာကန်တော့ခဲ့တာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

သူမကလည်း ” ကိုယ့်လုပ်အားခလေးတွေရတိုင်း အမေ့ကို အမြဲကန်တော့ခဲ့တာ အခု ကိုယ့်ယောင်္ကျားကိုလည်း ကန်တော့ခွင့်ရပြီ 🙈

 

 

 

 

မြတ်သူထက် သိတတ်လိမ္မာတဲ့သူတွေလည်း အများကြီးရှိတာသိပါတယ် 

 

 

 

 

အခုလိုပျော်စရာအမှတ်တရလေးတွေကိုတော့ သိမ်းဆည်းမျှဝေပါရစေရှင့် ❤️” ဆိုပြီးရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

 

 

 

 

 

 

 

 

 

 

 

 








