ပရိသတ်ကြီးရေ ဒီနေ့ကတော့ ဇေကမ္ဘာဦးခင်ရွှေရဲ့ (၇၁) နှစ်ပြည့် မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ မွေးနေ့အထိမ်းအမှတ်အဖြစ် ဇေကမ္ဘာပြတိုက်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က ဇေသီဟရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ယောက္ခမဖြစ်သူ ခရိုနီသူဌေးကြီးဦးခင်ရွှေရဲ့မွေးနေ့ပွဲအခမ်းအနားသို့ ခင်ပွန်းဖြစ်သူနဲ့ တက်ရောက်ဂုဏ်ပြုခဲ့တဲ့ နန္ဒာလှိုင်ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ” အဖေ့ရဲ့ ၇၁ နှစ်ပြည့် မွေးနေ့ပြည့် အမှတ်တရသားသမီးတွေကို ၀မ်းနှင့်လွယ်မမွေးခဲ့ပေမယ့်သားသမီးဘ၀ လှပဖို့ကို ပခုံးနဲ့ သယ်ပေးခဲ့တဲ့ အဖေ………. သားသမီးတွေအပေါ် အသက်နဲ့ရင်းချစ်ခြင်းတွေရှိခဲ့သော်လဲသူ့ရဲ့ အချစ်ဖွင့်လှစ်ကာမပြ ဆုံးမ တတ်တဲ့ အဖေ…………သားသမီးတွေနဲ့ တူကာယှဉ်ပြုံး ပျော်ကာမဆုံးနေချင်သော်လဲ နံနက်မိုးသောက်အာရုဏ်ရောက်ချိန်မှစ နေ၀င်မိုးချုပ်ထိ တကုပ်ကုပ် အလုပ်တွေလုပ်ခဲ့ရတဲ့ အဖေ………….. သားသမီးများအတွက် စိတ်စေတနာအရင်းခံနှင့် မုန်းလိုကမုန်း မျှတစွာ စီမံပေး တဲ့ အဖေ………နေရာစုံမှ ပစ်သည့်မြှားကို ရှေ့မှာစုံရပ် ကြံ့ကြံ့ခံပြီး သားသမီးရှေ့ရေး မညိုးနွမ်းအောင် ရင်ဆိုင်ပေးတဲ့ အဖေ…………….၇၉၆ ဆူသော စေတီဘုရား တို့၏ အလှူရှင် အဖေ….မွန်ပြည်နယ်ဦး ထူးသည့်စေတီ ကျိုက်က္ကလွန်ပွန်း စေတီတော်မြတ်ကို မှတ်မှတ်ရရ မွေးနေ့ရက်တွင် ထီးတော်တင်ကာ အလှူပေးသည့် ထူးခြားကုသိုလ် ပေးတဲ့ အဖေ….ဂေါတမမြတ်စွာ ပွင့်တော်မူပြီး ဆံတော်အရှင် ဌာပနာသည့် ဆံဦးဆံဖျား မြတ်မော်တင်စွန်းတွင် မွေးနေ့တိုက်ဆိုင် ထီးတော်တင်ပွဲ ကျင်းပပေးတဲ့ အဖေ….ဗုဒ္ဓ ရင်ငွေ့ ခိုလှုံခွင့်ရ မြတ်ဗုဒ္ဓကိုယ်ပွါး ရွှေဘုံသာဝယ် သံဃာ ရာဇာ ပေါင်းညီညာဖို့ ထီးတော်တင်ကာ ဆုတောင်းပေးတဲ့အဖေ…. တစ်ဘဝကိစ္စ ချမ်းသာတာထက် သံသရာတစ်လျှောက် အေးချမ်းစေဖို့ ဒါနအမွေ တူညီပေးကာ မေတ္တာပေးတဲ့အဖေ….အမျိုးဘာသာ ၊သာသနာကို တမူထူးခြားသားသမီးများ ချစ်တတ်လာအောင် စံပြ စံပြု သာသနာပြုတဲ့ တို့ရဲ့အဖေ………..ငါတို့ရဲ့အဖေအဖေ့ ကျေးဇူးအဖေ့ မေတ္တာအဖေ့ စေတနာ ………. အရာရာတိုင်း တုနှိုင်းလို့ပင်မှီမည်မဟုတ်သို့ပါသောကြောင့်အဖေသည်သာ ဘ၀ပါဟု အစဉ်အမြဲ ရင်ထဲမှာ အစဉ်ရိုကျိုး ရှိခိုးဆဲပါ……….” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ […]