Unicode သင်လုံးဝလျစ်လျူမရှုထားသင့်တဲ့ အိမ်မက်၅ခုနဲ့အဓိပ္ပါယ်များ အိမ်မက်ပညာရှင်တွေအဆိုအရ အိမ်မက်ဆိုတာ ကျွန်တော်တို့ရဲဘဝနဲ့ မသိစိတ်တွေမှာ ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ပက်သက်တဲ့ အရေးကြီးအချက်အလက်တွေကို ပြောပြနိုင်တယ်လို့ ဆိုပါတယ်။ ခုပြောပြချင်တာကOneirologyလို့ခေါ်တဲ့အိမ်မက်တွေနောက်ကွယ်ကအဓိပ္ပါယ်ကိုလေ့လာတဲ့ ပညာအရစိတ်ပညာရှင်တွေဖွင့်ဆိုထားတဲ့အရာတွေဖြစ်ပါတယ်ကဲဒီတော့သင်မက်ခဲ့ဖူးပေမယ့်လျစ်လျူရှုထားတတ်တဲ့အိမ်မက်တွေကဘာကိုဆိုလိုတယ်ဆိုတာအောက်မှာဖတ်ကြည့်လိုက်ကြရအောင်ထိခိုက်ဒဏ်ရာရတာနဲ့သေခြင်းတရားနဲ့ပက်သက်တဲ့အိမ်မက်အိမ်မက်ထဲမှာထိခိုက်ဒဏ်ရာရတာတွေသေပီးသားလူတွေစသဖြင့်မက်ခဲ့ရင်ဒါကဘာကိုပြောတာလဲဆိုရင်သင့်ဘဝအတွက် အရေးကြီးတဲ့လူတစ်ယောက်ယောက်အရေးကြီးတဲ့အရာတွေကိုဆုံးရှုံးသွားမှာကိုကြောက်တာဒါမှမဟုတ်သင့်ကိုသင်လုံခြုံမှုမရှိတာကိုခံစားနေရတယ်လို့ဆိုလိုတာပါသင့်အိမ်မက်ထဲမှာသေပီးသားလူကိုပြန်မက်တာဟာသင့်ရဲ့မသိစိတ်ကအဲ့ဒီဆုံးရှုံးမှုအတွက်ဝမ်းနည်းမဖြေသိမ့်နိုင်သေးတာမျိုးဖြစ်ပါတယ်အိမ်မက်ပညာရှင်တွေအဆိုအရတော့သေခြင်းတရားနဲ့ထိခိုက်ဒဏ်ရာရတာတွေနဲ့ပက်သက်တဲ့အိမ်မက်တွေမြင်မက်တာဟာသင်ဟာသင့်ထက်အသက်ကြီးသူတွေ သင်ချစ်ရခင်ရသူတွေအတွက်စိုးရီမ်ပူပင်သောကဖြစ်နေတယ်လို့ဆိုပါတယ်ဒီသေခြင်းနဲ့ပက်သက်တဲ့အိမ်မက်တွေအရသင့်ရဲ့အစိတ်အပိုင်းတစ်ခုခုအရေးပါတဲ့တစ်ခုခု ဆုံးရှုံးသွားသလိုခံစားနေရပြီးသင်ဟာအရင်ကထက်ပိုကောင်းမွန်တဲ့ပုံစံနဲ့ပြန်လည်မွေးဖွားရှင်သန်လာမယ်လို့ဆိုလိုတာပါအမြင့်တနေရာရာကပြုတ်ကျခြင်းအိမ်မက်စိတ်ပညာရှင်IAN WALLANCEအဆိုအရ တနေရာရာကပြုတ်ကျခြင်းနဲ့ပက်သက်တဲ့အိမ်မက်ကသင့်ဘဝမှာထိန်းချုပ်မှုဆုံးရှုံးသွားတာကြောက်ရွံစိုးထိတ်နေတာကိုဖော်ပြနေတယ်လို့ဆိုပါတယ်ပြောရရင် သင်ယူထားရတဲ့တာဝန်တွေအတွက်ဝန်လေးနေသလိုခံစားနေရတာအဲ့ဒီအရာတွေကနေမလွတ်မြောက်နိုင်ပဲအချိန်တော်တော်များများမှာစိတ်ဖိစီးမှုကိုခံစားနေရတာလို့အိမ်မက်ကဆိုပါတယ်ဒါပေမယ့်သိပ္ပံပညာအရဖြစ်နိုင်ချေ ရှိတာတစ်ခုကခန္ဓာကိုယ်ဟာအိပ်စက်ခြင်းကိုကူးပြောင်းလိုက်တာနဲ့အာရုံကြောစနစ် သွေးပေါင်ချိန်နဲ့နှလုံးခုန်နှုန်းကျဆင်းသွားပြီးသင့်ဦးနှောက်လုပ်ဆောင်မှုလည်းနှေးကွေးသွားပါတယ်သင်တနေ့တာရုန်းကန်လှုပ်ရှားခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဟာHypnic Jerksလို့ခေါ်တဲ့လူတစ်ဦးစအိပ်ပျော်ဖို့ကြိုးစားနေချိန်အတွင်း ခန္ဓာကိုယ်ကြွက်သားတွေရုတ်တရက်ကျုံလိုက်ခြင်းကြောင့် ရုတ်တရက်လန့်နိုးတာတခါတရံလူတစ်ယောက်ကိုဆတ်ခနဲထခုန်မိစေတာမျိုးတွေလည်းဖြစ်စေတတ်တယ်လို့ဆိုပါတယ်ဒါပေမယ့်သင့်ပြုတ်ကျတဲ့အိမ်မက်ဟာပျော်ပျော်ရွှင်ရွှင်နဲ့ပြုတ်ကျနေတယ်ဆိုရင်တော့သင်ဟာပြောင်းလဲမှုတွေကိုကြောက်ရွှံမနေဘူးဆိုတာကိုဖော်ပြနေတာပါတစ်စုံတစ်ခုကသင့်ကိုလိုက်လံဖမ်းဆီးသတ်ဖြတ်ဖို့လုပ်နေတယ်ဒီအိမ်မက်အရသင်လက်တွေ့ဘဝမှာသင့်ကိုစိုးရိမ်ပူပန်စေတဲ့ […]