Acid အဖွဲဝင် ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦး သေဒဏ်ချမှတ်ခံရ

Acid အဖွဲဝင် ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦး သေဒဏ်ချမှတ်ခံရ

 

 

၂၀၀၀ ခုနှစ် ဝန်းကျင်က Hip Hop သီချင်းတွေကို
လူငယ် ပရိတ်သတ်တွေရဲ့ ရင်ထဲကို ရောက်အောင်
တေးသီချင်းတွေကို သီဆိုနိုင်ခဲ့တဲ့ Acid အက်စစ်

အဖွဲ့ကိုတော့ ပရိတ်သတ်ကြီးတို့တွေ မှတ်မိကြ
လိမ့်မယ်လို့ ထင်ပါတယ်။

အက်စစ်အဖွဲကိုတော့ ဇေယျာသော်၊ ရန်ရန်ချမ်း၊
အနဂ္ဂ နဲ့ ဟိန်းဇော် အစရှိတဲ့ ခေတ်လူငယ်တွေနဲ့
ဖွဲ့စည်းထားခဲ့ပါတယ်။

သူတို့တွေရဲ့ “စတင်ခြင်း” အမည်ရှိတဲ့ တေးစီးရီးဟာ
ဆိုရင်တော့ ၂၀၀၀ခုနှစ် လူငယ်တွေရဲ့ ကြားထဲမှာ
ဝက်ဝက်ကွဲ အောင်မြင် ကျော်ကြားခဲ့ပါတယ်။

ထိုအဖွဲ့ဝင်တွေထဲက တစ်ယောက်ကတော့ လောကကြီးကို
နှုတ်ဆက်သွားခဲ့ပြီး အခုလည်း နောက်ထပ်
တစ်ယောက်ကတော့ နိုင်ငံအတွက် အသက်ပေး
သွားခဲ့ရပြန်ပါပြီ။

ကိုဖြိုးဇေယျာသော် (ခ) ဇေယျာသော် တစ်ယောက်ကတော့
လွှတ်တော်ထဲမှာ လူငယ်တွေရဲ့ စကားသံတွေကို
ယူဆောင် ပေးနိုင်ဖို့အတွက် NLD ပါတီရဲ့
လွှတ်တော်အမတ် တစ်ယောက် တာဝန်ကို
ထမ်းဆောင်ခဲ့ပါတယ်။

အာဏာသိမ်းကာလမှာ ဆိုရင်လည်း စစ်အာဏာရှင်ကို
ရွတ်ရွတ်ချွံချွံ တော်လှန်ခဲ့ပြီး ကံမကောင်း
အကြောင်းမလှ စွာနဲ့ပဲ ဖမ်းဆီးခံခဲ့ရပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကတော့
ကိုဇေယျာသော် အပါအဝင် နိုင်ငံရေးလောကမှာ
နာမည်ကြီးတဲ့ ကိုဂျင်မီတို့ကိုလည်း သတ်ပစ်လိုက်ပြီလို့
ဒီကနေ့ ဇူလိုင်လ (၂၅) ရက်နေ့မှာ
ကြော်ငြာလိုက်ပါတယ်။

ဒီသတင်းကြောင့် အက်စစ်ကို ချစ်တဲ့
ပရိတ်သတ်တွေ အပါအဝင် တစ်နိုင်ငံလုံးက
လူတွေ တော်တော်များများ မခံမရပ်နိုင်ဖြစ်ပြီး
ဝမ်းနည်း ကြေကွဲခဲ့ရပါတယ်။

Zawgyi Version

Acid အဖြဲဝင္ ကိုၿဖိဳးေဇယ်ာေသာ္ အပါအဝင္ လူေလးဦး ေသဒဏ္ခ်မွတ္ခံရ

၂၀၀၀ ခုႏွစ္ ဝန္းက်င္က Hip Hop သီခ်င္းေတြကို
လူငယ္ ပရိတ္သတ္ေတြရဲ႕ ရင္ထဲကို ေရာက္ေအာင္
ေတးသီခ်င္းေတြကို သီဆိုႏိုင္ခဲ့တဲ့ Acid အက္စစ္
အဖြဲ႕ကိုေတာ့ ပရိတ္သတ္ႀကီးတို႔ေတြ မွတ္မိၾက
လိမ့္မယ္လို႔ ထင္ပါတယ္။

အက္စစ္အဖြဲကိုေတာ့ ေဇယ်ာေသာ္၊ ရန္ရန္ခ်မ္း၊
အနဂၢ နဲ႔ ဟိန္းေဇာ္ အစရွိတဲ့ ေခတ္လူငယ္ေတြနဲ႔
ဖြဲ႕စည္းထားခဲ့ပါတယ္။

သူတို႔ေတြရဲ႕ “စတင္ျခင္း” အမည္ရွိတဲ့ ေတးစီးရီးဟာ
ဆိုရင္ေတာ့ ၂၀၀၀ခုႏွစ္ လူငယ္ေတြရဲ႕ ၾကားထဲမွာ
ဝက္ဝက္ကြဲ ေအာင္ျမင္ ေက်ာ္ၾကားခဲ့ပါတယ္။

ထိုအဖြဲ႕ဝင္ေတြထဲက တစ္ေယာက္ကေတာ့ ေလာကႀကီးကို
ႏႈတ္ဆက္သြားခဲ့ၿပီး အခုလည္း ေနာက္ထပ္
တစ္ေယာက္ကေတာ့ ႏိုင္ငံအတြက္ အသက္ေပး
သြားခဲ့ရျပန္ပါၿပီ။

ကိုၿဖိဳးေဇယ်ာေသာ္ (ခ) ေဇယ်ာေသာ္ တစ္ေယာက္ကေတာ့
လႊတ္ေတာ္ထဲမွာ လူငယ္ေတြရဲ႕ စကားသံေတြကို
ယူေဆာင္ ေပးႏိုင္ဖို႔အတြက္ NLD ပါတီရဲ႕
လႊတ္ေတာ္အမတ္ တစ္ေယာက္ တာဝန္ကို
ထမ္းေဆာင္ခဲ့ပါတယ္။

အာဏာသိမ္းကာလမွာ ဆိုရင္လည္း စစ္အာဏာရွင္ကို
႐ြတ္႐ြတ္ခြၽံခြၽံ ေတာ္လွန္ခဲ့ၿပီး ကံမေကာင္း
အေၾကာင္းမလွ စြာနဲ႔ပဲ ဖမ္းဆီးခံခဲ့ရပါတယ္။

ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္အာဏာရွင္ေတြကေတာ့
ကိုေဇယ်ာေသာ္ အပါအဝင္ ႏိုင္ငံေရးေလာကမွာ
နာမည္ႀကီးတဲ့ ကိုဂ်င္မီတို႔ကိုလည္း သတ္ပစ္လိုက္ၿပီလို႔
ဒီကေန႔ ဇူလိုင္လ (၂၅) ရက္ေန႔မွာ
ေၾကာ္ျငာလိုက္ပါတယ္။

ဒီသတင္းေၾကာင့္ အက္စစ္ကို ခ်စ္တဲ့
ပရိတ္သတ္ေတြ အပါအဝင္ တစ္ႏိုင္ငံလုံးက
လူေတြ ေတာ္ေတာ္မ်ားမ်ား မခံမရပ္ႏိုင္ျဖစ္ၿပီး
ဝမ္းနည္း ေၾကကြဲခဲ့ရပါတယ္။