Hip Hop အဆိုတော် တစ်ဖြစ်လဲ NLD လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဖြိုးဇေယျာသော် ကို ကြိုးမိန့်ချရုံမက မိသားစုတွေကိုပါ ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့တဲ့ စစ်ကောင်စီ ဘက်တော်သားများ

Hip Hop အဆိုတော် တစ်ဖြစ်လဲ NLD လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဖြိုးဇေယျာသော် ကို ကြိုးမိန့်ချရုံမက မိသားစုတွေကိုပါ ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့တဲ့ စစ်ကောင်စီ ဘက်တော်သားများ

ဇူလိုင်လ (၂၅) ရက်နေ့ဟာ ဆိုရင်တော့
၂၀၀၀ ခုနှစ်တွေမှာ နာမည်ကြီးကျော်ကြားခဲ့တဲ့

အက်စစ်အဖွဲ့ဝင် ဟစ်ဟော့ အဆိုတော်
ဇေယျာသော်ကို စစ်ကောင်စီက ကြိုးပေး
သတ်ပစ်ခဲ့ပါတယ် လို့သတင်း
ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းကြောင့် မြန်မာပြည်သူ တစ်ရပ်လုံး
ဝမ်းနည်းပူဆွေးခဲ့ပြီး အပူလုံးကြွ ရင်ကျိုးမရ
ဖြစ်ခဲ့ကြပါတယ်။

တော်လှန်ရေး ဘက်တော်သားတွေကတော့
သွေးကြွေးကို ပြန်ရအောင် ယူမယ်ဆိုပြီးတော့

ကြိမ်းဝါးပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီဘက်ကတော့

ဒီလောက်နဲ့ မကျေနပ်ပဲ ကိုဖြိုးဇေယျာသော်တို့
မိသားစုရဲ့ နေအိမ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး
ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ နေအိမ်ကို
လူတွေစုပြီး ဂဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

သူတို့အနေနဲ့ အခုလိုလုပ်ရတာကတော့
ကိုဖြိုးဇေယျာသော်ကြောင့် သေသွားရတဲ့
သူတွေရဲ့ မိသားစုဝင်တွေက အခုလိုလုပ်တာ
ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့်လည်း ယခုဖြစ်စဉ်ဟာ တကယ်ပဲ
လူမှုရေး အငြိုးကြောင့်လား၊ ဒါမှမဟုတ်
တချို့သော သူတွေရဲ့ အကွက်ချ
ယုတ်မာမှုတွေလား ဆိုတာကိုတော့
သေသေချာချာ မသိရသေးပါဘူး။

ကဲ… ပရိတ်သတ်ကြီးတို့ရော ဘယ်လိုထင်လဲ
ပြောသွားပေးဦးနော်။

 

Zawgyi Version


ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်ခဲ့ကြပါတယ်။





ပြောသွားပေးဦးနော်။